Tuesday, December 10, 2013

မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုကြောင့် လူ (၇)ဦးသေဆုံးမှုဖြစ်

၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန်မရမ်းကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့်ဂန္ဓမာလမ်းထောင့်ရှိ ဟိုဆေး ကုန် တိုက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ ၎င်းကုန်တိုက်၏ အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင် လျှပ်စစ်မီးပူအားမီးပလပ်ထိုးထားရာမှ
အပူချိန်လွန်ကဲကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီးအဆိုပါမီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီး သတ်ယာဉ်(၂၄)စီး၊ အုပ်ချုပ်မှုယာဉ် (၆)စီးတို့ဖြင့်မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ကျား (၃)ဦး၊ မ(၂)ဦး၊ ကျား/မခွဲမရ (၂)ဦး၊စုစုပေါင်း (၇)ဦးသေဆုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၅၆၇၅၀၀၀)ခန့် ဆုံးရှုံးခဲ့သောကြောင့် မီးကိုပေါ့ဆစွာသုံးစွဲသူ ထွန်းထွန်းနိုင် (ဘ)ဦဟုန်တုံငုံအပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ)၅၁၁/၂၀၁၃၊ပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။

yangon police

0 comments:

Post a Comment