Tuesday, December 17, 2013

ရွှေတူးဖော်သည့် ကုမ္ပဏီများက နိုင်ငံတော် ကို ပေးသွင်းရမည့် ကြွေး ကျန် ရွှေစင်ကျပ်သား တစ်သိန်းကျော် ကျန်သေးဟုဆို

ရွှေတူးဖော် သည့်ကုမ္ပဏီများထံမှ ဘဏ္ဍာရေး နှစ်ငါးနှစ်အတွက်နိုင်ငံတော် ကို ပေးသွင်း ရမည့် ရွှေကြွေးကျန် သည် ရွှေစင်ကျပ် သား တစ်သိန်းကျော် ကျန်ရှိနေသေးကြောင်း သတ္တု တွင်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါရွှေစင်ကြွေးကျန် များကို ၂၀၀၇-၂၀၀၈မှ ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ် အတွင်း ကုမ္ပဏီ ပေါင်း ၂၀ဝကျော်က ပေးသွင်းရန် ကျန် ရှိနေခြင်းဖြစ်ကြောင်း အ မှတ် (၂)သတ္တုတွင်းဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေး မှူး ဦးသံ ဒိုင်းက ပြောသည်။


''ကျပ်သားပေါင်း တစ်သိန်း ကျော်လောက်ကို အကြီးစားနဲ့အ သေးစား လုပ်ငန်းတွေကပေးဖို့ ကျန်နေတာပါ''ဟု ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ ပန်ဒါဟိုတယ် တွင်ပြုလုပ် သည့် ရွှေလုပ်ငန်းရှင် အသင်းနှစ်ပတ် လည်အစည်းအ ဝေးအပြီးတွင် ဦးဆောင်ညွှန်ကြား ရေးမှူးက ပြောသည်။

အဆိုပါရွှေကြွေးကျန်နေ သည့်ကုမ္ပဏီများသည် လက်ရှိ အချိန်တွင် တချို့လုပ် ငန်းများရပ် နားသွားပြီး တချို့က ဆက်လက် လုပ်ကိုင်နေကြောင်း ယင်းပြော ကြားချက်အရသိရကာ အရေး ယူ ဆောင်ရွက်ခြင်း ထက် နိုင်ငံတော် အကြွေးများကိုရရှိရန်အတွက် သာ လုပ်ဆောင်နေကြောင်း သိရ သည်။

ဦးသံဒိုင်းက ''တချို့ကုမ္ပဏီ တွေက ဆက်လုပ်နေတယ်။ တချို့ ကတော့ သူ့အစီအစဉ်နဲ့ကို ရပ် ထားတာ''ဟု ပြောသည်။ ရွှေကြွေး ကျန် ကုမ္ပဏီများ တွင် အကြီးစားရွှေလုပ်ကွက်များ မှကြွေးကျန်ပိုမိုရှိနေကြောင်း ဦး ဆောင်ညွှန် ကြားရေး မှူးက ပြော ကြားခဲ့ပြီး အသေးစိတ်ကုမ္ပဏီစာ ရင်းကို လက်တန်းမပြောနိုင်ကြောင်း ဖြေသည်။

အဆိုပါရွှေကြွေးကျန်သည့် ကုမ္ပဏီများကို တရားဥပဒေအရ အရေးယူခြင်း ထက် နိုင်ငံတော်နှင့် ပတ်သက်နေသည့် အကြွေးများ ဖြစ်သည့်အတွက် အကြွေးများကို ပေးသွင်းနိုင်ရန်အတွက်သာ လက် ရှိဆောင် ရွက်နေ ပြီး ရွှေကြွေးကျန် ကုမ္ပဏီများအနေဖြင့် မြန်မြန်ဆန် ဆန်ပေးချေပါက နိုင်ငံတော်အ တွက် အကျိုးဖြစ်ထွန်းမည်ဖြစ် ကြောင်း ယင်းကဆက်လက်ပြော သည်။

Yangon Media Group

0 comments:

Post a Comment