Tuesday, December 17, 2013

အဆင့်မြင့် စက်သုံးဆီ ဆိပ်ကမ်းတွင် အရည်အသွေး စစ်စက်တပ်မည်


မန္တ လေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ မှ အကောင်အထည်ဖော်မည့် အဆင့်မြင့်စက်သုံးဆီ ဆိပ်ကမ်း တွင် တပ်ဆင်အသုံးပြုရန်အတွက် အမေရိကန်မှ စက်သုံးဆီအရည် အသွေးစစ်ဆေးရေးစက်ကို မှာ ယူထားပြီး ဖြစ်ကြောင်း မန္တလေး မြို့တွင်းသို့ ဖြန့်ဖြူးရောင်းချသူ များအသင်း(မန္တလေး)မှ သိရသည်။


မြန်မာနိုင်ငံတွင် စက်သုံး ဆီများ၏ အရည်အသွေးပိုင်းနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင်သည့် စက်မှာ သန်လျင်ရေနံချက်စက် ရုံတွင်သာရှိရာ မန္တလေးမြို့ အ တွက် ယခုအသုံးပြုမည့်စက်မှာ ဒုတိယမြောက်ဖြစ်ပြီး ကျပ်သိန်း ၂၅ဝကျော် တန်ဖိုးရှိကြောင်း၊ အ ဆင့်မြင့်စက်သုံးဆီဆိပ်ကမ်းအ မြန်ဆုံးတည်ဆောက်နိုင်ရေးအ တွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ စီမံကိန်းမူကြမ်းကို ရေးဆွဲ တင်ပြထား ပြီးဖြစ်ရာ ယာဉ်ပိုင်ရှင် များအနေဖြင့် အရည်အသွေး ပြည့်ဝသည့် စက်သုံးဆီ များကို သုံး စွဲနိုင်ရေးအတွက် ရည်ရွယ် ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စက်သုံးဆီ ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသက်ဝေက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။

''တိုင်းဒေသကြီးအစိုးရအ စီအစဉ်နဲ့ စက်ကို ဝယ်ယူတာမ ဟုတ်ဘဲ အသင်းအနေနဲ့ပဲ ဝယ် ယူတာဖြစ်ပြီး စက်တန်ဖိုးငွေကို လဲပေးချေပြီးဖြစ်ပါတယ်။ တိုင်း ဒေသကြီးအစိုးရအဖွဲ့ကနေ အ ဆင့်မြင့်စက်သုံးဆီဆိပ်ကမ်း အ ကောင်အ ထည်ဖော် ပြီးတာ နဲ့ အဲဒီ မှာပဲ စက်ကိုတပ်ဆင်သွားမှာပါ။ အရည်အသွေးပိုင်းစစ်ဆေးခကို ဆီတွဲသင်္ဘောတွေဆီက ကောက် ခံသွားမှာဖြစ်ပါတယ်''ဟု ယင်း က ထပ်မံပြောသည်။

အဆင့်မြင့်စက်သုံးဆီဆိပ် ကမ်းစီမံကိန်းကို ဧရာဝတီတံတား (ရတနာပုံ)နှင့် စစ်ကိုင်း အင်းဝ တံတားဟောင်းကြားတွင် အ ကောင်အထည်ဖော်ရန် လျာထား ရာ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာ သည့် ဆီတွဲသင်္ဘောများသည် စက်သုံးဆီများကို ဆိပ်ကမ်း ပေါ် သို့မချမီ စက်ဖြင့်စစ်ဆေးမှုခံယူ ရမည်ဖြစ်ပြီး အရည်အသွေးပြည့် ဝသည့် စက်သုံးဆီများဖြစ်မှသာ မန္တလေးမြို့တွင်းသို့ ဖြန့်ဖြူးရောင်း ချမည့် ဆီဘောက်ဆာကားဆီ သို့ သယ်ဆောင်ခွင့်ပြုမည်ဖြစ် ကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်စွမ်းအင်နှင့် စက်မှုလက် မှုဝန်ကြီးဌာနမှ သိရသည်။

ခွန်စိုင်းအောင်
Yangon Media Group

ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်း အင်းဝတံတားဟောင်းကြား အဆင့်မြင့်စက်သုံးဆီဆိပ်ကမ်းတည်ဆောက်မည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ -ခွန်စိုင်းအောင်

0 comments:

Post a Comment