Monday, December 30, 2013

ဆံပင်က ဗောက် အကြောင်းနှင့် ဗောက်နှိမ် နင်းသော သဘာဝ ပစ္စည်းများ


ပခုံးပေါ်က (သို့မဟုတ်) ဆံပင် တွေကြားက အ၀ါရောင် အဖတ်တွေ၊ ပါးပါး လွှာလွှာ အဖြူ ဖတ်တွေဟာ ဗောက်ရဲ့ သက်သေ ပါ။ တကယ်တော့ ဗောက်ဆိုတာ သင့်ဦးရေ ပြားပေါ်က အရေ ပြားဆဲလ်တွေ သေဆုံးပြီး ကွာကျ လာတာပါ။ ဗောက် ရှိပြီ ဆိုရင် ဦးရေပြားမှာ အကွက် သေးသေး လေးတွေေ ပ်ါလာပြီး ယားယံ နေပါတယ်။ ဦးရေပြား နီရဲတာ၊ ကျိန်းစပ်တာ တွေ လည်း ဖြစ်နိုင်ပါတယ်။ ယားလို့ ကုတ်မိတဲ့ အခါ အဖြူ ဖတ်တွေ ကွာကျ လာပါတယ်။ အမည်းရောင် အင်္ကျီဝတ်မိ တဲ့နေ့ မျိုးဆို ပိုလို့သိ သာပါ လိမ့်တယ်။ ဗောက်နဲ့ ပတ်သက်ပြီး အမေးများ တဲ့မေးခွန်း တွေကို လေ့လာ ကြည့်ရ အောင်။

၁။ ဘာ့ကြောင့် ဗောက်တွေ ဖြစ်လာသလဲ

ဘယ်အ ရာက ဗောက်ဖြစ် ပေါ်စေသ လဲဆိုတာ ဘယ်သူမှ အပ်ချ မတ်ချ မပြော နိုင်ပါဘူး။ အရေပြား ပေါ်မှာ စွဲကပ် နိုင်တဲ့ မှိုကြောင့် ဗောက်ဖြစ်ရ တယ်လို့တော့ ယူဆ ရပါတယ်။ ဆံပင် ထွက်လာတဲ့ မွေးညင်း ပေါက်တွေနဲ့ ဦးရေပြားက အဆီအိတ် တွေက sebum လို့ခေါ်တဲ့ “လူ”ဆီကို ထုတ်ပေး ပါတယ်။ အဲဒီ“လူ”ဆီက မှိုတွေ နှစ်ခြိုက်စွာ ပေါက်ပွား နိုင်တဲ့ နေရာ ကောင်းဖြစ်လာ ပါတယ်။ ပေါက်ပွား လာတဲ့ မှိုပမာဏ များပြား လွန်းလာ တဲ့အခါ ဗောက်တွေ ဖြစ်လာ တော့တာပေါ့။ ပြန်ပြီး ဆက်စပ် ကြည့်ရ ရင် အဆီ ထွက်တာများ လွန်းတာကလည်း ဗောက်ဖြစ် စေတဲ့ အကြောင်း တစ်ခုပါပဲ။ ရေသောက်နည်း ခြင်းနဲ့ ခြောက်သွေ့တဲ့ လေထုကြောင့် ဦးရေ ပြားကို ခြောက်တာပြီး အဖတ်တွေ ကွာကျတဲ့ အခါမှာလည်း ဗောက်နဲ့ ဆင်တူ ပါတယ်။

၂။ သုံးနေတဲ့ ခေါင်းလိမ်း ဆီကြောင့် ဗောက်ဖြစ် နိုင်သလား

ဗောက်ရှိ နေခြင်း ကြောင့်ဒီ လူရဲ့ဆံပင်ဟာ မသန့်ရှင်းဘူး လို့ပြောလို့ မရပါဘူး။ တစ်ခါ တလေ တချို့သော ခေါင်းလိမ်းဆီ ဆံပင်ပုံသွင်း ပစ္စည်းတွေနှင့် ဆံပင်ဆိုး ဆေးတွေ ကြောင့်လည်း ဦးရေပြားပေါ်မှာ ဗောက်နဲ့ တူတဲ့အဖြူ ဖတ်တွေ ဖြစ်ပေါ်ရပါ တယ်။ နဂိုကတည်းက ဗောက်ရှိတဲ့ သူဆို ရင်တော့ ဆံပင်ကို ပြီးစလွယ်လျှော် လိုက်မိတဲ့ နေ့မျိုးမှာ ဦးရေပြား ပေါ်က ဆဲလ်တွေ ပိုပြီးများလာတဲ့ အတွက် ဗောက်တွေ ပိုပွား လာသလို ဖြစ်နေ ပါလိမ့်မယ်။ တကယ်လို့ သုံးနေတဲ့ ဆံပင်ပုံ သွင်းပစ္စည်းက ဗောက်ကို ပိုဆိုးစေ တယ်လို့ ထင်ရင် ခဏရပ် ထားပြီး တခြား တံဆိပ်အ သစ်တစ်မျိုးကို စမ်းကြည့်ပါ။

၃။ ဗောက်ဆိုတာ ဆံပင်မှာပဲ ရှိတာလား

ဦးရေပြားနဲ့ ဆံပင်တွေ ကြားထဲမှာ တင်မဟုတ်ဘဲ နဖူး၊ မျက်ခုံး၊ မျက် တောင်မွေးနဲ့ နားရွက်ထဲ မှာလည်း ဗောက် ဖြစ်နိုင်ပါ တယ်။ ကုန်ကုန် ပြောရရင် ခန္ဓာ ကိုယ်ပေါ်က အမွေး အမျှင်ရှိတဲ့ နေရာ မှန်သမျှမှာ အရေပြား ကွာသလို ဖြစ်နေတဲ့ အဖြူဖတ် လေးတွေဟာ ဗောက်ဖြစ် နေနိုင်ပါတယ်။ အဲဒီ ဗောက်ကိုတော့ အရေပြား ရောင်ရမ်းနာ (Seborrheic dermatitis) အပျော့ စားလို့ ခေါ်ပါတယ်။

၎။ ဘယ်လို အချိန်မျိုးမှာ ဗောက်ပို ဖြစ်တတ်လဲ

သွေ့ခြောက်တဲ့ ရာသီဥတု မျိုးမှာ ဗောက်ထတာ ပိုဆိုး တတ်ပါတယ်။ ဒါကြောင့် အေးမြပြီး ခြောက်သွေ့တဲ့ ဆောင်း ဥတုမှာ ဗောက်တွေ ပိုများနေ တာပါ။ စိတ်ဖိစီး နေခြင်းနဲ့ မောပန်းနွမ်း လျနေတဲ့ အခါမျိုး မှာလည်း ဗောက်ပို ဖြစ်ပါတယ်။

၅။ ဘယ်လို လူတွေမှာ ဗောက်ပို ဖြစ်နိုင် သလဲ။

အတက် ရောဂါ (epilepsy) အထူးသဖြင့် အသက်ကြီး သူတွေမှာ ဖြစ်တတ်တဲ့ ခြေတုန်၊ လက်တုန်နဲ့ လမ်းလျှောက်ရ ခက်၊ ပစ္စည်း တွေကိုင်ရင် မမြဲ၊ ကြွက်သားတွေ တင်းတောင့် နေတဲ့ အာရုံကြော ရောဂါ တစ်မျိုး ဖြစ်တဲ့ ပါကင်ဆန်ရောဂါ (Parkinson's disease) နဲ့ HIV ဝေဒနာ ရှင်တွေ စတဲ့ ရောဂါ အဆောက် အအုံ ကြီးကြီး မားမား ရှိသူတွေဟာ ဗောက် ပိုဖြစ်နိုင် ပါတယ်။ ဘာ့ကြောင့် ဆိုတဲ့ အကြောင်းရင်း ရှင်းရှင်း လင်းလင်း မသိပေမယ့် လေဖြတ်ဖူးသူ၊ နှလုံးသွေး ကြောပိတ်ဖူး သူနဲ့ ဦးခေါင်းကို ထိခိုက်ဒဏ်ရာ ရဖူးသူ တွေဟာလည်း ဗောက်ဖြစ်ဖို့ အလားအလာ ပိုများ ပါတယ်။

၆။ ဗောက် ကုနည်း

ဆိုင်တွေမှာ လွယ်လင့် တကူဝယ်လို့ ရတဲ့ ဗောက်ပျောက်ခေါင်း လျှော်ရည်တွေ ရှိပါတယ်။ အဲဒီခေါင်း လျှော်ရည်တွေမှာ ဗောက်နိုင်တဲ့ ဓာတု ပစ္စည်းတွေ ထည့်သွင်း ထားပါတယ်။ အသုံးများ တဲ့ပစ္စည်း တွေကတော့-

Ketoconazole - ဗောက်ဖြစ် စေတဲ့ မှိုကို သတ်ပစ် ပါတယ်။
Salicylic acid - ဆဲလ်သေတွေ ကွာကျတာကို တားဆီး ပေးပါ တယ်။ ဒါပေမယ့် ဦးရေပြား ကိုခြောက် စေပါတယ်။
Selenium Sulfide - ဆဲလ်သေ တွေများ မလာအောင် ထိန်းထား ပေးပြီး မှိုကို လည်းသတ်ပေး ပါတယ်။
Tar - ဆဲလ်သေ တွေကို များမ လာအောင် ထိန်းထားပေး ပါတယ်။ ဒါပေမယ့် ဆံပင်ဆိုး ထားတဲ့သူ တွေနဲ့ အညိုရောင် ဆံကေ သာ ပိုင်ရှင်တွေကို အရောင်ပြောင်း သွားစေ နိုင်ပါတယ်။
Zinc Pyrithione - ဗောက်ဖြစ် စေတဲ့မှိုကို သတ်ပစ် ပါတယ်။

ဗောက်ပျောက် ခေါင်းလျှော်ရည် ၀ယ်မယ် ဆိုရင် ဘူးပေါ်မှာပါတဲ့ ပါဝင် ပစ္စည်းတွေ ကိုဖတ်ကြည့်ပြီး ဘယ် အမျိုး အစားကို ထည့်သွင်း ထားလဲဆိုတာ ရှာကြည့်ပါ။ သင်နဲ့ အကိုက်ညီဆုံး ဖြစ်မယ် ထင်တာကို ရွေးချယ်ပါ။

ဗောက်ပျောက် ခေါင်းလျှော် ရည်သုံးရင် သင်သုံး နေကျ ရိုးရိုး ခေါင်းလျှော် ရည်နဲ့ လျှော်ပုံ လျှော်နည်း မတူဘဲ ကွဲပြား တာမို့ ဘူးပေါ်က သုံးနည်း အညွှန်းကို သေချာ လိုက်နာပါ။ ခေါင်းလျှော်ရည်ကို ဦးရေပြား တစ်ပြင်လုံး နှံ့အောင် လက်ချောင်း ထိပ်တွေ ကိုသုံးပြီး ပွတ်သပ် နှိပ်နယ်ပါ။ ပြီးရင် ချက်ချင်း ရေမဆေးပစ်ဘဲ (၅) မိနစ်ထား ပြီးမှ (သို့) ဘူးပေါ်မှာ ညွှန်းတဲ့ အတိုင်း ထားပြီးမှ ရေပြောင် အောင်ဆေး ချပါ။ တကယ်လို့ သင်သုံး နေကျ ခေါင်းလျှော် ရည်နဲ့ အနံ့ကိုပဲ နှစ်သက် တယ်ဆိုရင် အဲဒီ ခေါင်းလျှော်ရည်နဲ့  နောက် တစ်ခေါက် ထပ်လျှော် လို့ရပါ တယ်။ ဗောက်တွေ သက်သာ သွားတဲ့ အခါ ကျရင်တော့ ဗောက်ပျောက် ခေါင်းလျှော်ရည်ကို တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ သုံးပေး ရင်ရ ပါတယ်။

၇။ ဗောက်နှိမ် နင်းသော သဘာဝ ပစ္စည်းများ

လေ့လာမှု တချို့မှာ သဘာဝ ကပေးတဲ့ ပစ္စည်းတွေ ကလည်း ဗောက်ကို နှိမ်နင်း နိုင်တယ်လို့ ညွှန်းဆို ထားပါတယ်။ ဒါပေမယ့် လူတိုင်း အတွက်တော့ မထိ ရောက်ပါဘူး။ ဗောက်သက် သာစေတဲ့ သဘာဝ ပစ္စည်းတွေ ကတော့ -

ရှားစောင်း လက်ပတ်

ရှားစောင်း လက်ပတ်က ထွက်တဲ့ အရည်ကို ဦးရေပြား ပေါ်မှာသုတ်လိမ်း ပေးရင် ဦးရေပြား ဆဲလ်တွေ ကွာကျ တာနဲ့ ယားယံ တာ သက်သာ ပါတယ်။

လက်ဖက် စိမ်းပါ ၀င်တဲ့ ခေါင်း လျှော်ရည်

လက်ဖက်စိမ်း ပါဝင်တဲ့ ခေါင်းလျှော်ရည်ဆိုရင် ဘူးပေါ်မှာ ၅% Tea Tree Oil လို့ ရေးထားပြီး ဗောက်ဖြစ်ပွား မှုကို လျော့နည်း စေကာ ယားယံမှုကို သက်သာ စေပါတယ်။

စပါးလင်

စပါးလင်ကို ထောင်းပြီး ရလာတဲ့ အရည်က ဗောက်ဖြစ် စေတဲ့ မှိုကို သေစေ ပါတယ်။ Blender နဲ့ ကြိတ်ရင် လည်းရ ပါ တယ်။ အဲဒီလို မထောင်း ချင်ရင် ခေါင်းလျှော် ရည်ဘူး ပေါ်မှာ ၂% Lemon grass လို့ ရေးထား တာ ရွေးဝယ်ပါ။

နေရောင် ခြည်ကို ခံယူ ပေးပါ

နွေးထွေးတဲ့ နေရောင်ခြည် အောက်မှာ နေပေး တဲ့အခါ ဗောက်နဲ့ အရေပြား ရောင်ရမ်းနာ (Seborrheic dermatitis) ဖြစ်စေတဲ့ မှိုကို သေစေ ပါတယ်။ သတိပြုရ မှာကတော့ နေရောင်ခြည်မှာ နေစဉ် အနည်းဆုံး SPE 30 ပါတဲ့ နေရောင်ကာ လိမ်းဆေးကို လိမ်းထား ပေးဖို့ပါ။

၈။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင် သင့်သလဲ

ဗောက်ပျောက် ခေါင်းလျှော်ရည်ကို လပေါင်း များစွာ သုံးနေ တာတောင် ဗောက်က မပျောက်ဘဲ တောင့်ခံနေတယ် ဆိုရင်တော့ ဆရာဝန် ပြသင့်တဲ့ အချိန် ရောက်နေ ပါပြီ။ ထို့နည်းတူ ဦးရေပြား နီရဲခြင်း၊ ရောင်ရမ်းခြင်း တွေ ဖြစ်လာမယ်။ ခန္ဓာကိုယ်ရဲ့ တခြားနေရာ တွေမှာပါ နီရဲ ရောင်ရမ်းပြီး အရေပြား ကွာမယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။ အဲဒီအခါ ဆရာဝန်က ပိုပြီး သင့်တော်တဲ့ ဗောက်ပျောက်ခေါင်း လျှော်ရည် အမျိုး အစား (သို့) မှိုသတ်ဆေး (သို့) ဦးရေပြားနဲ့ ခန္ဓာကိုယ် ပေါ်မှာ လိမ်းဖို့ စတီးရွိုက်လိမ်း ဆေးတွေကို ရွေးချယ် ပေးပါ လိမ့်မယ်။

၉။ ကလေး တွေမှာ ဗောက်ဖြစ် သလား

ကလေးတွေ မှာတော့ ပုခက်နာ လို့ဆိုရမယ့် seborrheic dermatitis ဖြစ်တတ် ပါတယ်။ ကလေးရဲ့ ဦးရေ ပြားပေါ်မှာ အညိုရောင် (သို့) အ၀ါရောင် အကွက်လေး တွေဖြစ်လာပြီး ယားပါတယ်။ ကလေး မျက်ခွံ လေးတွေ နှာခေါင်းနဲ့ ပေါင်ခြံ တွေမှာ လည်း ဖြစ်နိုင်ပါ တယ်။ ဒီပုခက်နာက ကလေး အသက် ရှစ်လ ကနေ တစ်နှစ် လောက်ရောက်ရင် သူ့အလိုလို ပျောက်သွား ပါတယ်။ ဆီသန့်သန့်လေး (ဟင်းသီးဟင်း ရွက်ဆီဆို ပိုကောင်း ပါတယ်) ကို ကလေးရဲ့ ဦးရေ ပြားပေါ်မှာ လိမ်းပေးပြီး (၁၀) မိနစ် လောက်ထား ပေးပါ။ နောက် ကလေးခေါင်း လျှော်ရည်လေးနဲ့ ပြောင်အောင် ပြန်ဆေး လိုက်ပါ။ အချိန်တွေ ကြာလာ တဲ့အထိ မပျောက်ဘဲဆက်ရှိ နေမယ်ဆို ရင်တော့ ဆရာဝန်နဲ့ ပြသ တိုင်ပင်ပေး ပါ။

၁၀။ ဗောက်က လူကို အန္တရာယ်ပေး နိုင်လား

ဗောက်တွေ ရှိနေတာ ရှက်စရာ၊ စိတ်ရှုပ်စရာ ကောင်းပေမယ့် အန္တရာယ် ဘာမှ မရှိပါဘူး။ အရှေ့မှာ ပြောခဲ့ သလိုပဲ ဗောက်ရှိနေ တာဟာ သင့်ကို ညစ်ပတ်တဲ့ လူလို့ အထင်မခံ ရစေပါဘူး။ ဗောက်က ကူးစက် တတ်တဲ့ ရောဂါလည်း မဟုတ်ပါဘူး။ သူများဆီ ကလည်း သင်မကူး နိုင်သလို သင့်ဆီက ဗောက်လည်း တခြား လူကို မကူး နိုင်ပါဘူး။ ဗောက်ထ တာကြောင့်လည်း ဆံပင်မကျွတ် နိုင်ပါဘူး။ ဒါပေမယ့် ကုတ်လွန်း အားကြီး ရင်တော့ ခဏတဖြုတ် ဆံပင်ကျွတ် နိုင်ပါတယ်။

သဘာဝရဲ့ အားအင်

0 comments:

Post a Comment