Friday, December 13, 2013

ဆီးဂိမ်းပွဲတော်အား ဂုဏ်ပြုကြသူများ


အပေါ်က စက်ဘီးစီးနေတဲ့ အဘိုးကတော့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစား ပွဲတော်ကြီး ကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နေချိန်တွင် ရခိုင်ပြည်နယ်မှ မိုင်ပေါင်း (၂၅၀၀) တစ်ကိုယ်တော် စက်ဘီးစီး ခရီးနှင်သူ ဦးလှရွှေဆိုတာဘဲဖြစ်ပါတယ်။
အသက်(၇၀)နှစ်ရှိပြီဖြစ်သည့် အဘိုးလှရွှေသည် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ်မှ စက်ဘီးစီးနင်း ထွက်ခွာစီးနင်း ဂုဏ်ပြုခဲ့ရာမကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ သို့(၁၀-၁၂- ၂၀၁၃) ရက်နေ့က ရောက်ရှိခဲ့ပြီး၊ ဆက်လက်၍ ညောင်ဦး၊ မကွေး၊ပြည်၊ ရန်ကုန် ၊ကော့သောင်း၊ တနင်္သာရီ၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့အထိ တစ်ကိုယ်တော် စက်ဘီးစီးနင်းဂုဏ်ပြုသွားမည်ဟုသိရပါတယ်။
ဆီးဂိမ်းအားကစား ပွဲတော်ကြီး အား ဂုဏ်ပြုတဲ့ အနေနဲ့ မမောနိုင်မပန်းနိုင်သက်လုံကောင်းမွန်စွာနဲ့ မြန်မာ့ အား ကစားသမား များအားအောင်မြင် သော ပန်းတိုင်သို့ ရောက်ရှိ တက်လှမ်းနိုင်ရေး အတွက် အခုလိုအားပေး ဂုဏ်ပြုခြင်းဖြစ်ကြောင်းကိုလည်း အဘိုးကပြောခဲ့ပါတယ်။
အောက်ကအဘွားကတော့ (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီး၏ ဖွင့်ပွဲ အခမ်း အနား အကြိုလေ့ကျင့်ပွဲဆီကို လာရောက်အားပေးခဲ့တဲ့ အသက် (၈၇)နှစ် အရွှယ် အားကစား ၀ါသနာရှင်တစ်ဦးပါ။ အဆိုပါပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ဒီဇင်ဘာ (၉)ရက်တွင် ကျင်းပခဲ့ပါတယ်။ အဘွားဒေါ်တင်မှ" ရန်ကုန်မြို့ ကနေ တကူးတက လာရောက်ပြီးဆီးဂိမ်းပွဲတော်ကြီးကို အားပေး လာတာ ပါ။ အဘွားတို့ငယ်ငယ်က အားကစားသမားတွေ အများကြီးထွက်ပေါ်လာခဲ့တယ်။ တကယ် လည်းတော်ကြ တယ်။
နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေအများကြီးရခဲ့တယ်။ အားကစားကိုပြန်ပြီးအလေးထား ကျင်းပခွင့်ရတာကိုဂုဏ်ယူတယ်။
အဲ့ဒီအတွက်လည်းလာကြည့်ရခြင်းဖြစ်တယ်။ ရီဟာဇယ်အပြင်၊ ဖွင့်ပွဲ၊ ပိတ်ပွဲကော သွားကြည့်မှာဖြစ် တယ်လို့" ပြောခဲ့ပါတယ်။

အသက်အရွှယ်ကြီးရင့်သောလည်း ဆီးဂိမ်းအားကစားသမားနဲ့ ပြိုင်ပွဲကြီးအတွက် တဖက်တလမ်းမှ ဂုဏ်ယူ ၀မ်းမြောက်စွာနှင့်အားပေးမှုများအပေါ်ကြည်နှုး လေးစားရပါတယ်။ အားကစားကို ချစ်မြတ်နိုးစိတ်၊ မြန်မာ အားကစားအဖွဲ့ကိုတန်ဖိုးထားတဲ့ အဘိုးနှင့် အဘွား၏ လေးစားဖွယ် စိတ်ဓာတ်တွေကိုမင်တွေ့ရမှာပါ။ ပြိုင်ပွဲဝင် အားကစားသမားများကိုလည်း သိစေချင်ပါတယ်။ တပြည်လုံးအတိုင်းအတာနဲ့ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရရှိရေး မျှော်လင့်အားပေးတဲ့ ပရိတ်သတ်တွေ အများကြီးပါ။ ကိုယ်တိုင်ကလည်းအဖြစ်မရှိဘဲ ဘေးကနေ အပြစ်တင် ဝေဖန်အတိုက်အခံ လုပ်နေ သူတွေမြင်တက် ကြည့်တက်ရင် နောင်တရ၊အရှက်ရတက်စေချင်ပါတယ်။ ဒီလိုအသက် အရွှယ် မရွှေး မြန်မာ ဆိုတဲ့ အသံကြားရင်ကို အားပေးတဲ့သူ၊ ဂုဏ်ပြု၊ ဂုဏ်ယူနေသူတွေ အများကြီးရှိပါလား ဆိုတာ နဲ့တွေးပြီး ပျော်ရွှင် ကြည်နှုးရပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့ဟာ မြန်မာပြည်သားပါ...နိုင်ငံ အတွက်ပေး ဆပ်နေကြတဲ့ အားကစားသမားများကို အစဉ်လေးစားပြီးသားပါ။
ပြီးတော့ ဒီနှစ်ဆီးဂိမ်းအားကစားပွဲတော်ကြီးအတွက်လည်း အမြဲဂုဏ်ယူနေလျှက်ပါ.......။။။။

မိုးတိမ်
Ref: မြ၀တီသတင်းစာ၊ MOI Webportal Myanmar

0 comments:

Post a Comment