ရန်ကုန်မြို့တွင်း
ယာဉ်မရပ်ရသတ်မှတ်ထားသည့် နေရာများတွင် ယာဉ်ရပ်နားခြင်းကြောင့် တစ်လကျော်
ကာလအတွင်း ဖမ်းဆီးအရေးယူထားသည့် ယာဉ်အစီးရေ ၁,၀၀၀ ရှိသည်ဟု အမှတ်၂
ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးဇော်မျိုးထွန်းက ဒီဇင်ဘာ ၁၇
ရက်တွင် မဇ္ဈိမကို ပြောသည်။
ယာဉ်မရပ်ရ သတ်မှတ်ထားသည့်နေရာများတွင်
နိုဝင်ဘာလ ၁၁ရက်မှ ဒီဇင်ဘာလ ၁၇ရက်အထိ ယာဉ် စီးရေ ၁,၀၀၀ကို ဖမ်းဆီးထားပြီး
ဆွဲယာဉ်ဖြင့် ဖမ်းထားသည့်ယာဉ် ၃၀၉ စီး၊ ချလန်ဖြတ်ပြီး ဖမ်းဆီးသည့် ယာဉ် ၆၉၁
စီးရှိသည်။ ဖမ်းထားသည့် စာရင်းများအရ အိမ်စီးကား အများဆုံး ပါဝင်နေသည်ကို
တွေ့ရ သည်။
“ယာဉ်မရပ်ရ သတ်မှတ်ထားတဲ့နေရာမှာ ရပ်ထားလို့
လူမတွေ့ရင် ဆွဲယာဉ်နဲ့ ဆွဲသွားတယ်။ တကယ် လို့ လူရှိရင်
ချလန်ဖြတ်ပြီးအရေးယူတယ်။ ဆွဲယာဉ်နဲ့ဖမ်းထားပြီး ရက်ကြာရင် ရက်ကြာခပါ
ပေးရတယ်” ဟု ရဲအုပ်ဇော်မျိုးထွန်းက ပြောသည်။
ကရိန်းဖြင့်ဆွဲသည့်
ယာဉ်များကို မြေနီကုန်းရှိ ရှင်စောပု ကားရပ်နားဝင်းတွင် ထားရှိပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေဖြင့် အရေးယူခံရကာ
ယာဉ်ဆွဲခကိုလည်း ကားပိုင်ရှင်မှ ပေးဆောင် ရသည်။
ရန်ကုန်မြို့အတွင်းရှိ အဓိကလမ်းမကြီး ၃၇ လမ်းအား ယာဉ်မရပ်ရလမ်းများအဖြစ်
နိုဝင်ဘာလ ၈ ရက် တွင် ပထမအကြိမ် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ ၁၂
ရက်တွင် ယာဉ်မရပ်ရ သတ်မှတ်ထား သည့် လမ်း၂၀ ကို ထပ်မံပြီး ကြေညာထားသည်။
ယာဉ်မရပ်ရ သတ်မှတ်ထားသည့် လမ်းများမှာ အရှေ့ရွှေဂုံတိုင်လမ်း၊
ဗညားဒလလမ်းဆုံ၊ သိမ်ဖြူလမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံလမ်း၊
ကမ္ဘာအေးဘုရားလမ်း၊ စက်မှု(၁)လမ်း၊ ဦးချစ်မောင်လမ်း၊ ဟံ သာဝတီလမ်း၊
ကြည့်မြင်တိုင်လမ်း၊ ပုဇွန်တောင်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ဗိုလ်တထောင်ဘုရား လမ်း အစရှိသည်တို့ ဖြစ်သည်။
အငှားယာဉ်မောင်း
အမျိုးသားတစ်ဦးက “ပထမဆုံး သတိပေးတယ်။ သတိပေးလို့မှမရရင် ဖမ်းတယ်။
တက္ကစီသမားအများအားဖြင့်ကတော့ ယာဉ်နဲ့တကွ အတူရှိတယ်။ ဒဂုံစင်တာ၊
စော်ဘွားကြီးကုန်းလိုနေ ရာတွေက ငါးမိနစ်လောက်ရပ်လိုက်တာနဲ့ ခရီးသည်ရတယ်။
ဒါပေမဲ့ အခြေအနေကြည့်ပြီး ရပ်ရတယ်” ဟု ပြောသည်။
ယာဉ်မရပ်ရ
သတ်မှတ်ထားသည့် နေရာများတွင် ရပ်နားသောယာဉ်များကို ဖမ်းဆီးခြင်းများ
ဆောင်ရွက် ရာတွင် ယခင်က အဖွဲ့နှစ်ဖွဲ့ဖြင့် ဖမ်းဆီးပြီး ဒီဇင်ဘာလအတွင်းမှ
စတင်ကာ အဖွဲ့လေးဖွဲ့ဖြင့် ဖမ်းဆီးခဲ့ သည်။ ယာဉ်မရပ်ရနေရာများကို
ယခုလက်ရှိတွင် လမ်းမကြီး ၅၇ ခု သတ်မှတ်ထားသော်လည်း ယာဉ် ရပ်နားနိုင်သည့်
ရပ်နားကွင်းများ၊ ကားရပ်ရန် စီစဉ်ပေးမှုများမှာ မရှိသလောက် နည်းနေသေးသည်။
Mizzima
0 comments:
Post a Comment