Friday, December 20, 2013

20.12.2013 to 26.12.2013 ထိ ၇ရက်ဟောစာတမ်း

သင့်အတွက် အောင်မြင်မှုသည် လက်တစ်ကမ်းသာလိုတော့၍ ကြိုးစားလိုက်ပါ။ အတိုက်အခံတစ်ခု ကြုံနေမည်။ ဂရုမစိုက်ပါနှင့်။ သင်ကျော်နိုင်ပါလိမ့်မည်။ ဒီတပတ်အတွင်း ထီထိုးဖို့ မမေ့နှင့်။ ထီပေါက်၍ သော်လည်းကောင်း ၊ အမွေသော်လည်းကောင်း ရမည်။ ဒါမှမဟုတ် ငွေစုလိုက်ပြုံလိုက် တစ်ခုခုတော့ မုချရမှာသေချာ တယ်။ ဖြေထားသော စာမေးပွဲများ ဖြေဆိုမည့် စာမေးပွဲများမုချ အောင်မြင်ပြီ ဟု မှတ်ပါ။ သင့်ဦးလေး (သို့) အဒေါ် ကျန်းမာရေးချူချာ မည်။ ချစ်သူကပေးသော လက်ဆောင်ရလိမ့်မည်။ အချစ်ရေး အဆင်ပြေမည်။
အကျိုးပေးဂဏန်းမှာ - ၅၊ ၁၊ ၇။
အထူးဟော - သင့်ကံကောင်းပါတယ်။
ယတြာ     - အိမ်ဘုရားကို တနင်္ဂနွေ နံနက်တွင် အုန်းနိုးခေါက်ဆွဲ (၁)ပွဲ ကပ်လှူ၍ ဆုတောင်းပါ။


တနလာၤ
အိမ်အတွက် အလုပ်အတွက် ပညာရေးအတွက် အဖက်ဖက်က စိတ်ပူစရာမရှိတာ ပူနေရသော အချိန် ကာလ တွေဖြစ်ပါတယ်။ တကယ်တော့ သင်ပူစရာမလိုပါ။ အားလုံးက အဆင်ပြေပါလိမ့်မည်။ အောင်မြင်ပါ လိမ့်မည်။ သင့်အချစ်ရေး ၊အိမ်ထောင်ရေး ၊ အလုပ်ကိစ္စတွေ ထင်တာထက် ပို၍ အောင်မြင်မည်။ အလုပ် ရာထူး တက်မည်။ လစာတိုးမည်။ စက် ၊မြေ၊ တို့ ၀င်ထွက် မည်။ သူများအရှုပ်ကိုယ့်အရှုပ် ဖြစ်ကိန်းရှိ၍ ဆင်ခြင်ပါ။ လူခင်ခြင်း စိတ်ဝမ်းကွဲ တတ်၍ ဆင်ခြင်ပါ။ ပွန်းပဲ့ ဒဏ်ရာ ရတတ်၍ ဆင်ခြင်ပါ။ ငွေပိုက်ဆံ ပျောက်တတ်၍ ဂရုစိုက်ပါ။ စပ်တူ ရှယ်မလုပ်နှင့်။ လူယုံမထားရ။
အကျိုးပေးဂဏန်း - ၃၊ ၅၊ ၇။
အထူးဟော       - အောင်မြင်မှု့ မုချရမည်။
ယတြာ     - တနင်္လာနံနက်တွင် အိမ်ဘုရား ကို ကံ့ကော်ညွန့်(၅) ညွန့်ကပ်လှူ၍ လိုရာဆုတောင်းပါ။
အဂါၤ
လက်တည့်စမ်းခြင်းများပြုလုပ်ရမှ တကယ်ဖြစ် ၊ တကယ်ရခြင်း တို့မုချဖြစ်လာလိမ့်မည်။ ထို့ကြောင့် အချစ်ရေးမှာ အထူးဂရုစိုက်ပါ။ ယခင်က လေးစားခင်မင်ရိုသောနေသောသူက သင့်ကို မလေးမစား ဆက်ဆံလာလိမ့်မည်။ သင့်အကြောင်းတွေ ကွယ်ရာပြောလိမ့်မည်။ ၄င်းအပြင် တနည်းနည်းဖြင့် သင့်အား ပုန်ကန်မှု့တွေပြုလုပ်လိမ့်မည်။ ဂရုစိုက်ပါ။ မရောက်ဘူးသော ခရီး ၊ မလုပ်ဖူးသော အလုပ်တွေလုပ်ရမည်။ နေရာသစ်ကို ရောက်ရလိမ့်မည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ရုတ်တရက်ခိုက်မိတတ်၍ ဆင်ခြင်ပါ။ အလုပ်မှာ ရှုပ်သော်လည်း ရှင်းလို့ရမည်။
အကျိုးပေးဂဏန်း - ၃၊၆၊ ၉
အထူးဟော - အဆင်ပြေပါလိမ့်မည်။
ယတြာ - အင်္ဂါ နံနက်တွင် အိမ်ဘုရားကို အုန်းဆွမ်း ကပ်ပါ။
ဗုဒ္ဒဟူး
စိုးရိမ်မှု့တွေများနေမည်။ ရဲရဲလုပ်ပါ။ မုချအောင်မြင်သွားလိမ့်မည်။ အထက်လူကြီး ဆရာသမားတို့ စောင့်ရှောက်မှု့ရမည်။ စာမေးပွဲဖြေဆိုမှု့များ တင်ပြချက်များအောင်မြင်လိမ့်မည်။ အတိုက်အခံတွေလည်း ကျော်လွှားအောင်မြင်လိမ့်မည်။ ကိုယ်ပိုင်အလုပ်တွေ အောင်မြင်မည်။ အချစ်ရေးမှာ မယူချင်သေးလျှင် မစနှင့်။ ဇွတ်ကပ်လာလိမ့်မည်။ ယူဖြစ်သွားမည်။ ခရီးယာယီတွေသွားရမည်။ ကျန်းမာရေးကောင်းပါတယ်။ စီးပွားရေးလုပ်ကိုင်မှု့ များထစ်ငေါ့ပြီးမှ အောင်မြင်မည်။ မိသားစုရဲ့ အပြစ်တင်အထင်လွဲခြင်းခံရကိန်း ရှိသည်။  
အကျိုးပေးဂဏန်း - ၉၊ ၆၊ ၎
အထူးဟော - အောင်မြင်ပါတယ်။
ယတြာ - ဗုဒ္ဓဟူးနေ့ နံနက်တွင် တန်ခိုးကြီးဘုရား၏ ရင်တော် ၊လက်တော် တို့ကို ရွှေသင်္ကန်းကပ်ပါ။
ကြာသပတေး
ရိုးရိုးကျင့်မြင့်မြင့်ကြံ လိုက်ပါ။ တပါးသူ ကို အထင်လွဲပြီး တစ်မျိုးကြံစည်မှု့များ ဆင်ခြင်လိုက်ပါ။ သင်ကံကောင်းပြီး အဆင်ပြေလာလိမ့်မည်။ သင့်ရဲ့အလုပ်တွေ လည်းမုချအောင်မြင်လာတော့မည်။ အောင်မြင်မှုတို့သည် သင့်အတွက် လက်တစ်ကမ်းသာလိုပါတော့သည်။ ခရီးဝေးယာယီတွေ ရောက်မည်။ မရောက်ဘူးသော ခရီးတွေရောက်မည်။ အန္တရာယ်မရှိပါ။ အလုပ်အကိုင်အဆင်ပြေမည်။ ငွေဝင်ကောင်း မည်။ အချစ်ရေးကံကောင်းတည်။ ယခင်တစ်ယောက်နှင့် လွဲပြီး နောက် ၁ယောက်နှင့်ယူဖြစ်မည်။ ရစရာ ရှိသောငွေတို့ ရလာမည်။  
အကျိုးပေးဂဏန်း   ၅၊၀၊၂။
အထူးဟော- အဆင်ပြေ မည်။
ယတြာ- ကြာသပတေးနံနက်တွင်အောင်သပြေ (၁၉) ညွန့် အိမ်ဘုရားကပ်၍ ဆုတောင်းပါ။
သောကြာ
သင့်ရဲ့ ဆုံးဖြတ်ချက် တွေပြင်ရတော့မည်။ သင်စဉ်းစားထားသော အရာတွေပြောင်းလဲ လိမ့်မည်။ လူကြီးမိဘ တို့ သဘောတူသောသူကို ယူဖြစ်မည်။။ ယူလျှင်ကောင်းသည်။ အလုပ်ခေတ္တရပ်နားရမည်။ ကိုယ်ပိုင်စီးပွားရေး အောင်မြင်မည်။ ခရီးဝေးတွေရောက်မည်။ လမ်းခရီးအန္တရာယ်မရှိပါ။ မရောက်ဘူးသော ခရီး တွေရောက်မည်။ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။ ခြေ ၊ လက် ခိုက်မိတတ်၍ ဂရုစိုက်ပါ။ စက် ၊မြေ ၊အိမ်တွေ ရမည်။
အကျိုးပေးဂဏန်း ၉၊၁၊၆။
အထူးဟော- အဆင်ပြေမည်။
ယတြာ- သောကြာနေ့နံနက်တွင် သစ်သီး (၉) မျိုး ဘုရားကပ်လှူပါ။
စနေ
ရည်ရွယ်ချက်တွေများနေမည်။ ရည်ရွယ်ချက်အားလုံးကို တပြိုင်နက် မလုပ်သင့်ပါ။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်မည်။ ခရီးဝေးယာယီတွေသွားရမည်။ အလုပ်အကိုင်အဆင်ပြေမည်။ ကောင်းသောကျော်ကြား မှု့တွေ အဆင်ပြေမည်။ ငွေဝင်မည်။ ရစရာငွေလည်း ရမည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိတယ်။ လူယုံ မထားရ။ လူပေါင်းမှားမည်။ စက် ၊မြေ တို့ ၀င်ထွက်မည်။ အချစ်ရေးကောင်းပါတယ်။ အိမ်ထောင်ရေး သာယာပါတယ်။ အလုပ်အကိုင်အသစ်တွေ အောင်မြင်မည်။ ရှယ်ယာလည်း အောင်မြင်မည်။ မိသား ၊ မိဘတို့အတွက် အကျိုးရှိတာတွေ လုပ်ဖြစ်မည်။
အကျိုးပေးဂဏန်း - ၇၊၂၊၀။
အထူးဟော - အဆင်ပြေမည်။
ယတြာ - တောင်အရပ်ရှိလမ်းကို သန့်ရှင်းရေးလုပ်ပါ။ 

မြစ်မခ

0 comments:

Post a Comment