MEC တံဆိပ် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ဆင်းမ်ကတ် သုံးသိန်းခွဲ ကို လာမည့်
နှစ် ဆန်းပိုင်း တွင် တိုင်း ဒေသကြီး နှင့် ပြည်နယ် အနှံ့ ထပ်မံ ရောင်းချ
ပေးနိုင် ရန် စီစဉ် နေပြီ ဖြစ်ကြောင်း မြန်မာ့ စီးပွားရေး ကော်ပို ရေးရှင်း
(MEC) မှ သိရ သည်။ ၀၉ - ၃၁ ဖြင့် စသည့် စီဒီအမ်အေ 800 MHz ဆင်းမ်ကတ် ပမာဏ
များစွာ ရောင်းချ နိုင်ရန် အတွက် လက်ရှိ အချိန် တွင် လိုင်း တစ်သန်း
တိုးချဲ့ခြင်း လုပ်ငန်း များ လုပ်ဆောင်
လျက် ရှိပြီး ဆက်သွယ်ရေး ဆိုင်ရာ စက် ပစ္စည်း တပ်ဆင် သည့် အပိုင်း ကို ZTE
ကုမ္ပဏီ နှင့် ပူးပေါင်း ဆောင်ရွက် လျက် ရှိကြောင်း သိရ သည်။
“MEC က နေပြီး ဆက်သွယ် ရေးနဲ့ ပူးပေါင်း ပြီးတော့ လာမယ့် နှစ်ဆန်း ပိုင်း လောက်မှာ ကတ်ရေ သုံးသိန်း ခွဲ လောက် ရောင်းပေး သွားမယ်။ ဆက်သွယ် ရေး ကနေ ဂျီအက်စ်အမ် ဆင်းမ် ကတ် ရောင်း တာလဲ ဆက် ပြီး ရောင်း နေဦး မှာပါ။ ကျွန်တော် တို့ MEC က နေပြီး သီးသန့် ချပေး မယ့် ကတ် ပါ။ ဒီကတ် တွေကို တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကနေပဲ မဲစနစ် နဲ့ ရောင်းချ ပေးသွား မယ်” ဟု မြန်မာ့ စီးပွားရေး ကော်ပို ရေးရှင်း မှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး က ပြောသည်။ လက်ရှိ ရောင်းချ ပေးနေသည့် တန်ဖိုး နည်း ဆင်းမ်ကတ် နှင့် ယင်း ဆင်းမ်ကတ် အသုံးပြု နိုင်သူ ဦးရေ လုံလောက် မှု မရှိသေး သည့် အတွက် ယခု ကဲ့သို့ လိုင်း အင်အား တိုးချဲ့ ရခြင်း ဖြစ်သည် ဟု သိရ သည်။ မြန်မာ့ စီးပွားရေး ကော်ပို ရေးရှင်းမှ ရောင်းချ ပေးမည့် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ဆင်းမ်ကတ် အသုံးပြု ရာ၌ ၁၅ ရက် အတွင်း အသုံး မပြု ပါက အလို အလျောက် ကတ် ပျက်ခြင်း၊ တစ်လ လျှင် ကျပ် ၂၅၀၀ ကုန်အောင် အသုံးပြု ရမည် ဖြစ်ကြောင်း သိရ သည်။
ရန်ကုန်တိုင်း(မ်)
0 comments:
Post a Comment