အနုပညာ ရှင်တချို့၏ မူးယစ်ဆေးဝါးသုံးစွဲ သည့်ဖြစ်ရပ်သတင်းထွက်ပေါ်
ခြင်းနှင့် ပတ်သက်ပြီး ရဲစစ်ချက် ပေါက်ကြားမှုအပေါ် သက်ဆိုင်ရာ
ဌာနများမှဝန်ထမ်းများကို အရေး ယူမည့်အစီအစဉ်မရှိကြောင်း နေပြည်တော်
မူးယစ်တိုက်ဖျက် ရေးဗဟိုမှ ရဲအရာရှိတစ်ဦးက ရန်ကုန်တိုင်းမ်သတင်းစာသို့ ပြော
သည်။ ယင်းကဲ့သို့ ရဲစစ်ချက်ပေါက် ကြားမှုများမှာ ဝန်ထမ်းတချို့၏
ပေါ့လျော့မှုများကြောင့် ဖြစ် ကြောင်း၊
သို့ရာတွင် ယခုကိစ္စသည် နိုင်ငံတော် နှင့် တိုင်းပြည် အတွက်
မည်သည့်သက်ရောက်မှုမျှ မရှိ ကြောင်း၊ သို့ရာတွင် လူပုဂ္ဂိုလ်တ
ချို့၏ဂုဏ်သိက္ခာပိုင်းအရ ထိ ခိုက်နစ်နာမှုများ ဖြစ်စေသော ကြောင့်
ယင်းကဲ့သို့ မဖြစ်ရန် သက် ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ကို အသိပေးထားကြောင်း
ယင်း က ဆက်လက်ပြောကြား သည်။
အဆိုပါရဲမှူးကြီးက ''နောက် ဒီလိုမဖြစ်အောင် လုပ်ဆောင်ရ ပါမယ်။ မှာကြားထားပြီးပြီ။ ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ အရေးယူဖို့အစီအစဉ်မရှိပါဘူး''ဟုပြောသည်။ အဆိုပါဖြစ်ရပ်သည် ထိပ် တန်းလျှို့ဝှက်ချက်များ ပေါက် ကြားခြင်း မဟုတ်ကြောင်း ကို တ ရားလွှတ်တော်ရှေ့နေ ဦးထွန်း အောင်က ''နိုင်ငံတော်လျှို့ဝှက် ချက်၊ ထိပ်တန်းလျှို့ဝှက်ချက်နဲ့ ဆိုင်တဲ့ သတင်းပေါက်ကြားမှုဆို တာ ဘယ်သူကစပြောတာလဲတော့ မသိဘူး။ ထိပ်တန်းလျှို့ဝှက်ချက် ဆိုတာလဲမဟုတ်ဘူး။ နိုင်ငံ တော် လျှို့ဝှက်ချက်နဲ့ပတ်သက်ပြီး ပေါက် ကြားရင်တော့ သက်ဆိုင်ရာဌာန ကလူတွေကို အရေးယူလို့ရပေ မယ့် ဒီကိစ္စကတော့ အရေးယူလို့ မရဘူး။ တစ်ခုတော့ရှိတယ်။ အနု ပညာရှင်တွေအနေနဲ့ ဒီသတင်း နဲ့ပတ်သက်ပြီး မှားနေတယ်ဆို ရင်တော့ အသရေဖျက်မှုနဲ့ တရား စွဲပေါ့''ဟု ပြောသည်။
နိုင်ငံတော် လျှို့ဝှက်ချက်နှင့် ဆိုင်သည့်ကိစ္စများမှာ နိုင်ငံတော် လုံခြုံရေးနှင့်ဆိုင်သည့်ကိစ္စများ နှင့် နိုင်ငံတော်အကြီးအကဲများ ၏လုံခြုံရေးနှင့် အခြားပတ်သက် သည့်ကိစ္စရပ်များသာဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့်ရက်ပိုင်း အ တွင်းက ဖေ့စ်ဘွတ်ခ် စာမျက်နှာ ပေါ်တွင် နာမည်ကြီးအနုပညာ ရှင်တချို့ မူးယစ်ဆေးသုံးသည့် ကိစ္စများနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်က အစစ်ခံချက်များ ပေါ် ထွက်လာကြောင်း သိရသည်။
ကျော်မြတ်ဇံ
Yangon Media Group
0 comments:
Post a Comment