Monday, December 16, 2013

ချောင်းသာနှင့် ငွေဆောင်သို့ ဓာတ်အား သွယ်တန်းမှု စီမံကိန်း သုံးနှစ်ကြာမည်

ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်မှု အများဆုံး နေရာများတွင် ပါဝင်သော ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အတွင်းရှိ ချောင်းသာနှင့် ငွေဆောင် ကမ်းခြေဒေသများသို့ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းသည် သုံးနှစ် ကြာမြင့်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
၆၆ ကေဗီအေ ဓာတ်အားလိုင်း တည်ဆောက်ရေး စီမံကိန်း ရန်ပုံငွေ ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ တည်ဆောက်ရေးအတွက် ပုသိမ်-ချောင်းသာနှင့် ပုသိမ်-ငွေဆောင်တို့မှာ ၃၅ မိုင်ခန့်စီ ကွာဝေး၍ စီမံကိန်းကို သုံးနှစ်ခန့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ် ခန့်မှန်းခြေ ကျပ်သန်း ၃၂၀၀ ကျော် ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစောမြသိန်းက The Voice သို့ ပြောကြားသည်။
“ဘယ်တော့လုပ်မယ် ဆိုတာတော့ မသိရသေးပါဘူး။ မြန်မာ့ လျှပ်စစ်ဓာတ်အား လုပ်ငန်း ဓာတ်အား ပို့လွှတ်ရေး စီမံကိန်း (တောင်ပိုင်း) က တာဝန်ယူလိမ့်မယ် ထင်ပါတယ်” ဟု တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာတစ်ဦးက ပြောဆိုသည်။

လျှပ်စစ်မီး ရရှိမှသာ ကမ်းခြေဒေသများ ပိုမိုတိုးတက် ဖွံ့ဖြိုးလာ မည် ဖြစ်ကြောင်း ချောင်းသာမြို့ခံ ဦးအောင်လွင်က ဆိုသည်။

The Voice Weekly

0 comments:

Post a Comment