Wednesday, December 18, 2013

ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးတို့ ထောင်တွင်း အစာငတ်ခံ ဆန္ဒ ဆက်လက်ပြနေ


ကြန့်ကြာသော တရားစီရင်ရေး ကြောင့် ပေါင်းတည်ထောင်တွင်း ငါး ရက်ကြာ အစာငတ်ခံ ဆန္ဒပြနေသော ထိန်းသိမ်းခံ ပြည်သူ့အကျိုးဆောင် ကွန် ရက်မှ ဒေါ်မြင့်မြင့်အေး အပါ အဝင် သုံးဦးသည် ဆက်လက်၍ အစာ ငတ်ခံ ဆန္ဒပြသွားမည်ဟု သတင်းရရှိသည်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် တစ်ဝိုက်ရှိ အသိမ်းခံထားရသော လယ် မြေကိစ္စများအတွက် လယ် သမားများ အား ကူညီခဲ့သူ ဒေါ်မြင့်မြင့်အေး၊ ဒေါ် မိမိခိုင်နှင့် ဦးသန့်ဇင်ထက်တို့ကို နတ် တလင်းမြို့နယ် ရဲစခန်းက ၁၉၈၈ ခုနှစ် တွင် ထုတ်ပြန်ခဲ့သော အသင်းအဖွဲ့ ဥပဒေပုဒ်မ ၆ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး အထိန်းသိမ်းခံနေရသည်။

တရားစွဲဆိုဖမ်းဆီးခံရသည်မှာ ၆ လကျော်ကြာမြင့်နေပြီး ရုံးချိန်း အကြိမ် ၂ဝ ကျော် တက်ရောက်ပြီးဖြစ်သော် လည်း ပဲခူးတိုင်းတရားရုံးမှ အမိန့်မချ သေးသည့်အတွက် ၄င်းတို့ သုံးဦး သည် ယခုလ ၁၃ ရက်နေ့မှ စတင်ကာ အစာ ငတ်ခံ ဆန္ဒပြနေခြင်းဖြစ်သည်။

”ပဲခူးတိုင်းကို ပြင်ဆင်မှု တင်ထား တာ အမိန့်မကျလို့ ကြန့်ကြာနေတော့ နတ်တလင်းခရိုင်ကလည်း ဘာမှ ဆက် လုပ်လို့မရဘူး။ ချိန်ပဲချိန်းနေတော့ သူ တို့နစ်နာတယ် ဆိုပြီး အစာငတ်ခံ ဆန္ဒပြ တာ။ ပထမက ၁ဝ ရက်နေ့ကတည်းက ပြမလို့ကို ဘေးကလူတွေက ကျန်းမာ ရေးအတွက် ဘာမှမပြင်ဆင်ရသေးဘူး ဆိုပြီး ဝိုင်းတားလို့ ၁၃ ရက်နေ့မှ ပြဖြစ် တာ”ဟု ဒေါ်မြင့်မြင့်အေး၏ တူမဖြစ် သူ မဟန်စုယဉ်က ထောင် တွင်းဖြစ်ပွား နေမှုအခြေအနေကို ပြောပြသည်။

အထိန်းသိမ်းခံထားရသော ဒေါ် မြင့်မြင့်အေး၊ ဒေါ်မိမိခိုင်နှင့်ဦးသန့်ဇင် ထက်တို့ကို တွေ့ဆုံရန် မိသားစုများမှ သွားရောက်သော်လည်း ထောင် ဝင်စာ တွေ့ခွင့်မ ရကြောင်း ၄င်းက ဆက်ပြော သည်။

”ထောင်ထဲမှာ ဆန္ဒပြတာမလုပ် ရဘူး။ ထောင်စည်းကမ်းဖောက်ဖျက် တာပေါ့။ ဒီအတွက် ပေးမတွေ့တာပါ”ဟု ထောင်ဝင်စာတွေ့ခွင့်မရခဲ့သည့် အကြောင်းအရင်းကို မဟန်စုယဉ်က ပြောပြသည်။

”အသင်းအဖွဲ့ ဥပဒေပုဒ်မ ၆ က ၁၉၈၈ တုန်းက ရွေးကောက်ပွဲ ကော် မရှင်တွေနဲ့ ပတ်သက်ပြီး ထိန်းချုပ် တဲ့ ဥပဒေ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ အရေးအခင်းဖြစ်လို့ အဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့ လုပ် ထားတာလို့ နားလည်တယ်။ အခု သူတို့ ကို ဒီပုဒ်မ တပ်တာဟာ အာမခံ မရ အောင်ရှာကြံလုပ်တာလို့မြင်တယ်။ ဒီ ပုဒ်မနဲ့ ငြိစွန်းချက်မရှိ ဘူး”ဟု မဟန်စု ယဉ်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီး မြင့်ကမူ တရားစီရင်ရေး ကြန့်ကြာမှုနှင့် ပတ်သက်၍ ၂ဝ၁ဝ ပြည့်နှစ်နောက် ပိုင်းတွင် နိုင်ငံရေးအမှုများ ကြန့်ကြာမှု ရှိနေသေးသည် ဟု ပြောသည်။

ယင်းအပြင် ဒီမိုကရေစီခေတ်၌ ဒေါ်မြင့်မြင့်အေးအပါအဝင် သုံးဦးကို တရားစွဲဆိုထားသည့် ၆/၈၈ ဥပဒေမှာ မရှိသင့်တော့ကြောင်း၊ ဒေါ်မြင့်မြင့်အေး တို့၏ ကွန်ရက်မှ တရားဝင်မှတ်ပုံတင် ထားမှုမရှိသဖြင့် အသင်းအဖွဲ့ ဥပဒေ ၆/၈၈ နှင့် အရေးယူမည်ဆိုပါက ယင်း ကဲ့သို့ အရေးယူနိုင်သည့် အဖွဲ့ အစည်း ပေါင်း မြန်မာနိုင်ငံ၌ တစ်ထောင် နီးပါး ခန့်ရှိသည်ဟု ဦးကြီးမြင့် က ထောက်ပြ ပြောသည်။ ပုဒ်မ ၆/၈၈ သည် ထောင် ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

ပေါင်းတည်ထောင်၌ ထိန်းသိမ်းခံ ထားရသော ပြည်သူ့အကျိုးဆောင် ကွန် ရက်မှ ဒေါ်မြင့်မြင့်အေးသည် ၂ဝ၁ဝ တွင် မိတ္ထီလာမြို့နယ်မှ တစ်သီး ပုဂ္ဂလ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ဖူးသည်။

ဝေမာထွန်း
Popular Myanmar News Journal

0 comments:

Post a Comment