၂၀၁၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၉၁ ခုနှစ်တွင် ရရှိခဲ့သော
အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း
ဂျပန်မိုးလေဝသ အေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က
ထုတ်ပြန်သည်။
ဇန်နဝါရီလနှင့်
နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ
၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလ ထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း
အစီရင်ခံစာက ဆိုသည်။
၁၁ လကာလအတွင်း ဂျပန်နိုင်ငံ၏ အပူချိန်သည်
အဆိုပါနှစ် ၃၀ ကာလထက် ၀ ဒသမ ၄၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုမြင့်ပြီး ယင်းသည်
အဋ္ဌမမြောက်အမြင့်ဆုံး ဖြစ်သည်။ ကမ္ဘာ့အပူချိန်သည် စက်တင်ဘာလနှင့်
နိုဝင်ဘာလတို့တွင် အမြင့်ဆုံးဖြစ်သည်။
ကမ္ဘာ့မြောက်ဘက်ခြမ်းတွင်
ဆောင်းဦးရာသီ၌ အပူချိန် အမြင့်ဆုံးဟု မိုးလေ၀သဌာနက ဆိုသည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့အပူချိန်သည် နှစ်တစ်ရာလျှင် ၀ ဒသမ ၆၉ ဒီဂရီ
ဆဲလ်စီးရပ်စ်တိုးတက်နေပြီး ဂျပန်နိုင်ငံ၏ ပျမ်းမျှအပူချိန်သည် ၁ ဒသမ ၁၅
ဒီဂရီဆဲလ်စီးရပ်စ်မြင့်တက်နေ သည်ဟု မိုးလေ၀သဌာနက ဖော်ပြသည်။
MOI Webportal Myanmar
0 comments:
Post a Comment