၂၂.၁၁.၂၀၁၃ ရက်နေ့တွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် ပတ်သက်၍ ဖိနှိပ်အရေးယူမှုများအပေါ် အဖွဲ့အစည်း ၅၂ ဖွဲ့မှ ပူးပေါင်း သတင်းစာရှင်းလင်းပွဲ၏ နောက်ဆက်တွဲလုပ်ငန်းစဉ်များအဖြစ် ပုဒ်မ (၁၈)အပါအ၀င် ဒီမိုကရေစီ နိုင် ငံတော်နှင့် မသင့်လျော်ပဲ ပြည်သူ လူထုအပေါ် နိုင်ငံရေးအရ တစ်ဖက်သက် ဖိနှိပ်ချုပ်ချယ်မှုများအား ရှုတ်ချခြင်းအစရှိသော မူဝါဒများပါဝင်သည် ရည်ရွယ်ချက်(၄)ရပ်ကို ဆက်လက်လုပ်ဆောင်ရန် အဖွဲ့အစည်း များ သဘောတူညီချက် ဆက်လက်ရယူလျက်ရှိသည်။
ရည်ရွယ်ချက် (၄)ရပ်တွင် ပုဒ်မ ၁၈ အပါအ၀င် ဒီမိုကရေစီနိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေးအရတဖက်သတ် ဖိနှိပ် ချုပ်ချယ်သည့် ဥပဒေများအား ပြည်သူ့ရပိုင်ခွင့်ဖြစ်သော ဒီမိုကရေစီ၊ လူ့အခွင့်အရး နိုင်ငံတကာစံချိန်စံညွှန်းများကို အခိုင်အမာအာမခံနိုင်ပြီး ဒီမိုကရေစီနိုင်ငံဟူသောဂုဏ်နှင့် လိုက်လျောညီထွေသည့် ဥပဒေအဖြစ် ပြင်ဆင်ရေးနှင့် မကိုက်ညီသည်များကို ဖျက်သိမ်းရေး၊ နိုင်ငံရေး အကျဉ်းသား များအား ခြွင်းချက်မရှိလွှတ်ပေးရေး၊ တရားစွဲဆိုစဲ အမှုများအားပလပ် ဖျက်သိမ်းပေးရေး ၊ နောက်ထပ်ဖမ်းဆီးအရေးယူမှုများမပြုရေး ငြိမ်းချမ်းစွာ စီတန်းလှည့်ခြင်း ဥပဒေအရ မဟုတ်ဘဲ ပြည်သူ လူထု၏ လွပ်လပ်စွာ ဆန္ဒထုတ်ဖေါ်မှုကို ခွင့်ပြုသည့် သီးခြားနေရာသတ်မှတ်ရန်စသည့် အချက်များလည်း ပါဝင်ဟု သိရှိရသည်။အဆိုပါ ရည်ရွယ်ချက်များအား စုပေါင်းလက်မှတ်ရေးထိုးပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်(၃)ရပ် အပါအ၀င် နိုင်ငံတကာ အဖွဲ့ အစည်း များအား ပေးပို့ရေးတို့အပြင် သီချင်းနှင့် ကဗျာများ စုပေါင်း ရွတ်ဆိုခြင်းနည်းလမ်းဖြင့် လူထုလှုပ်ရှားမှုပြုလုပ်ကာ ကျယ်ပြန့်သည့် ပြည်သူလူထုကို ကိုယ် စားပြုသည့် အခြေပြု ဥပဒေမူကြမ်း ပေါ်ပေါက်လာစေရန်နှင့် ဖျက်သိမ်းသင့်သည့် ဥပဒေစာရင်း များ ပေါ်ပေါက်လာစေရန်၊ အများပါဝင် နိုင်ပြီး ကျယ်ပြန့်သည့် သဘောဆောင်သော ဥပဒေရေး ရာ ဆွေးနွေး မှု တရပ် ဖြစ်ပေါ်လာစေရေးစသည့် လုပ်ငန်းစဉ်များကို အဖွဲ့အစည်းအသီးသီးဖြင့် ပူးပေါင်းဆောင်ရွက် သွားရန် (၄.၁၂.၂၀၁၃) ရက်နေ့တွင် ဆုံးဖြတ် သွား မည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ၊ တိုင်းရင်းသားရေးရာကော်မတီတာဝန်ခံ ကိုနန္ဒာစစ်အောင် မှ ပြောကြား သွားသည်။
ဖိုးစနေ
မြန်မာ့ခေတ်
0 comments:
Post a Comment