တရုတ်နိုင်ငံသည် Samsung၏ အဓိက ခြေကုပ်ဈေးကွက်ကြီး တစ်ခုဖြစ်ပြီး Samsung၏ ဝင်ငွေ စုစုပေါင်းအနက် (၁၄)ရာခိုင်နှုန်းခန့်သည် အာရှတိုက်၏ အကြီးမားဆုံး စီးပွားရေး အင်အားစုကြီး တရုတ် အပေါ် မှီခိုထားရသည်။
ဟန်းဆက် ချွတ်ယွင်းမှုများကြောင့် တရုတ်သုံးစွဲသူများကို Samsung တောင်းပန်ရ၎င်းတို့ ထုတ်လုပ်သည့် ဖုန်းဟန်းဆက် အချို့တို့တွင် လုပ်ငန်းဆောင်တာ ချွတ်ယွင်းချက်များ ရှိနေကြောင်း သတင်းများနှင့် စပ်လျဉ်းပြီး Samsungက တရုတ်နိုင်ငံမှ သုံးစွဲသူများအား တောင်းပန် စကား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် Samsung၏ အဓိက ခြေကုပ်ဈေးကွက်ကြီး တစ်ခုဖြစ်ပြီး Samsung၏ ဝင်ငွေ စုစုပေါင်းအနက် (၁၄)ရာခိုင်နှုန်းခန့်သည် အာရှတိုက်၏ အကြီးမားဆုံး စီးပွားရေး အင်အားစုကြီး တရုတ် အပေါ် မှီခိုထားရသည်။ တရုတ် အစိုးရ ရုပ်မြင်သံကြား ဌာနက Samsung၏ ဖုန်းဟန်းဆက် အမျိုးအစား အချို့တွင် အားနည်းချက်များ ရှိနေကြောင်း ထောက်ပြခဲ့သည့်နောက် တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးက ပြန်တောင်းပန်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သတင်းဖော်ပြချက်ပါ ချွတ်ယွင်းချက် ရှိနေသည့် ဖုန်းဟန်းဆက် အမျိုးအစား (၇)ခုကိုလည်း အခမဲ့ ပြုပြင်မှုများဖြင့် ဝန်ဆောင်ပေး မည်ဖြစ်ကြောင်း Samsungက ကတိပြုခဲ့သည်။
CCTV ရုပ်မြင်သံကြားတွင် Samsung၏ Memory Chip ထောက်ပံ့မှု အပိုင်း၌ ညံ့ဖျင်းလွန်းကြောင်း ပြစ်တင်ထားပြီး ကုမ္ပဏီ၏ ပြုပြင်ပေးမှု မူဝါဒကိုလည်း ဝေဖန်ထားသည်။ တရုတ်၏ ဩဇာကြီးမားသော မီဒီယာကြီး တစ်ခုက ဝေဖန်ခြင်းကို ခံရသည့် နိုင်ငံခြား ကုမ္ပဏီကြီးများအနက် Samsungသည် လတ်တလော နောက်ဆုံးအဖြစ် စာရင်းဝင်လာခဲ့သည်။ ယင်းဖြစ်ရပ် နောက်ပိုင်းတွင် Samsungက တရုတ်နိုင်ငံမှ သုံးစွဲသူများကို အနူးအညွတ် တောင်းပန်ကြောင်း ကြေညာခဲ့ပြီး ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှု ကဏ္ဍတွင် အားနည်းနေသည်ကို မီဒီယာက ထောက်ပြမှုအပေါ် ကြိုဆိုကြောင်းလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
CCTVက ဝေဖန်ခဲ့သည့် ဖုန်းဟန်းဆက်များတွင် Samsung၏ နာမည်ကျော် Galaxy S3နှင့် Note 2တို့လည်း ပါဝင်နေသည်။ CCTVသည် ယခုသီတင်းပတ် အစောပိုင်းကလည်း ကမ္ဘာ့အကြီးမားဆုံး ကော်ဖီ လုပ်ငန်းစုကြီး Starbucksက တရုတ်နိုင်ငံတွင် အခြားသော ဈေးကွက် များထက် ဈေးနှုန်းမြှင့် တင် ရောင်းချနေကြောင်း ဝေဖန်ထားသေးသည်။ ဧပြီလကလည်း CCTVက Apple၏ ထိခိုက်ပျက်စီးမှုနှင့် အာမခံဆိုင်ရာ မူဝါဒများကို ထောက်ပြ ဝေဖန်ခဲ့ရာ Apple အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က တရုတ်နိုင်ငံမှ ဖောက်သည်များကို တောင်းပန်စကား ပြောကြားခဲ့ရသည်။
Planet Myanmar Network
0 comments:
Post a Comment