Sunday, October 6, 2013

ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၏ လျှို့ဝှက်စာ ပေးပို့မှု တောင်တက် ကား အသင်း ငြင်းဆို

ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ရန်ပုံငွေအတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကင်ပွန်းစခန်း (တောင်ခြေ) မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားဖူးကားငါးစီး ပြေးဆွဲခွင့်ပြုရန် တောင်းဆိုထားမှုကို
ညှိုနှိုင်း ဆောင်ရွက်ပေးရန် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက တောင်တက်မော်တော် ယာဉ် အသင်းအား  လျှို့ဝှက်စာတစ်စောင် ပေးပို့ လမ်းညွှန်ခဲ့သော်လည်း ယင်းစာကို မရရှိခဲ့ဟု မော်တော် ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝိတင်က ပြောကြားသည်။ “ဝန်ကြီးဆီကနေ ကရင်အသင်းနဲ့ ပတ်သတ်ပြီး ညှိနှိုင်းတဲ့စာ ပြန်မဝင်ဘူး။ အဲလို ပို့လာတာလည်း မရှိဘူး” ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယင်းစာတွင် ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ ကရင်စာပေ၊ ယဉ်ကျေးမှု တိုး တက်ပြန့် ပွားရေးအသင်း ရန်ပုံငွေရရှိရေးအတွက် ကရင်စာပေ ယဉ်ကျေးမှုအဖွဲ့ပိုင် ကိုယ်ထူကိုယ်ထ ဝယ်ယူမည့် မော်တော် ယာဉ်များအား ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်လိုင်းတွင် ဝင်ရောက်ပြေးဆွဲခွင့်ပြုရန် တင်ပြထားမှုနှင့် ပတ်သတ်၍ ကျိုက်ထီးရိုး ကားလမ်းသမိုင်းကို ကြည့်၍ ကျိုက်ထိုမြို့နယ် ကရင် စာပေ၊ ယဉ်ကျေးမှုအသင်း တောင်တက်မော်တော် ယာဉ်လိုင်းတွင် ပြေးဆွဲခွင့်ရရှိရေး ညှိနှိုင်းဆောင် ရွက်ပေးရန် အကြောင်းကြားသည်ဟု ရေးသားထားသည်။ ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့သည် အမြဲတမ်း ရန်ပုံငွေရရှိနိုင်ရန် ရည်ရွယ်၍ ကင်ပွန်းစခန်း (တောင်ခြေ) မှ ကျိုက်ထီးရိုး တောင်ပေါ်သို့ ဘုရားဖူးကားငါးစီး ပြေးဆွဲခွင့်ပြုရန် လွန်ခဲ့သည့် မေလကတည်းက တောင်းဆိုခဲ့ခြင်း ဖြစ်သော် လည်း ယခုအချိန်ထိ ကားပြေးဆွဲခွင့်ကို သဘောတူညီမှု မရသေးကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ သိရသည်။ “အခု ဒီကလမ်းအနေအထားအရ ကားတိုးဖို့ လုံးဝမသင့်ဘူး။ ကော်လေးကော် (အထောက် အကူပြု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ၊ မြေယာကော်မတီ၊ စီမံကော်မတီ)နဲ့ စည်းဝေးထိုင်ပြီး ဒီကားငါးစီး တိုးချဲ့မပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်။ ဒီက ယာဉ် ပိုင်ရှင်တွေရဲ့ ဆန္ဒကို ယူပြီး ကားအစီးရေ တိုးဖို့ မသင့်ဘူး ဆိုတာကို ပြည်နယ်အစိုးရဆီလည်း တင်ပြီးပြီ” ဟု ဦးဝိတင်က ပြောကြားသည်။ ယခုအချိန်ထိ ကားပြေးဆွဲခွင့်ကို သဘော တူညီခဲ့ခြင်း မရှိသော်လည်း ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ရန်ပုံငွေ အတွက် တစ်နှစ်လျှင် သိန်း ၄၀၀ ထိ ပေးသွားမည်ဟု ကမ်းလှမ်းသော် လည်း ကရင်စာပေအသင်းက ငြင်းဆိုခဲ့ကြောင်း တောင်တက်ကား အသင်းမှ သိရသည်။

၂၀၀၄ ခုနှစ်မှစ၍ ကင်ပွန်းစခန်းမှ ရသေ့တောင်တော်ထိ ကားအစီးပေါင်း ၁၄၃ စီးဖြင့် ပြေးဆွဲပေးခဲ့ သည်မှာ ယနေ့အချိန်ထိဖြစ်ပြီး ကားအစီးရေတိုးရန်မတိုးရန်မှာ ကျိုက်ထီးရိုး တောင်တက်မော်တော် ယာဉ်အသင်း၏ လုပ်ပိုင်ခွင့်များတွင် ပါဝင်နေကြောင်း မွန်ပြည်နယ်မှ ထုတ်ပြန်ထားသော နည်း ဥပဒေများတွင် အတိအလင်း ရေးသားပြဌာန်းထားသော်လည်း တောင်တက် အသင်းကမူ ၎င်းတို့နှင့် မဆိုင်ဟု ငြင်းဆန်လျက်ရှိသည်။

ရည်မွန်

The Myanma Age

0 comments:

Post a Comment