Sunday, October 6, 2013

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရှမ်းနီလူဦးရေ စာရင်းများ စတင်ကောက်ခံ


ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်တိုင်းလိုင်(ရှမ်းနီ)လူဦးရေစာရင်းအား စတင် ကောက်ခံလျှက်ရှိကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦးစိုင်းဌေးအောင် က ပြောကြားသည်။

ဦးစိုင်းဌေးအောင်က ''အခု ကျွန်တော်တို့ လူမျိုးတွေရဲ့ လူဦးရေစာရင်းကို ဒေသမှာ စာရင်းကောက် ခံနေပါတယ်။ ကောက်တဲ့နေရာမှာ ကျွန်တော်တို့ ပါတီကနေမှ အစုအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒေသတွေခွဲပြီး ကောက်ကြမှာပါ။ လောလောဆယ်တော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၃ မြို့နယ်မှာ ကောက်ဖို့ စီစဉ်ထားပါတယ်၊ ကောက်တဲ့နေရာမှာ ဆိုရင် ကျွန်တော်တို့က မြို့နယ်တွေက လူဦးရေစာရင်းကို အကြမ်းဖျင်းယူပြီး ကောက်ပါတယ်''ဟု ဆိုသည်။

ထို့ပြင် ယခုအခါ စစ်ကိုင်းတိုင်း အတွင်းရှိ မိုးညှင်းအပါအ၀င် မြို့နယ် သုံးမြို့နယ်မှ ရှမ်းနီ လူဦးရေ စာရင်းအား ကောက်ယူပြီးပြီဖြစ်ရာ အဆိုပါ ကောက်ယူမှုများအရ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့ တွင် ရှမ်းနီလူမျိုး သိန်း ၂၀ ခန့် ရှိနိုင်ကြောင်း ၎င်းက ဆက် လက်ပြောကြား သည်။

''ကျွန်တော်တို့ လူမျိုးက သတ်မှတ်ထားတာမရှိပါဘူး။ တကယ်တော့ကျွန်တော် တို့လူမျိုးက ပျောက်နေတာပါ။ အခုလ၀ကစာရင်းမှာကို ကျွန်တော်တို့ လူမျိုးမရှိဘူး။လ၀ကမှာ မရှိပေမယ့် ရှမ်းနီ ဆိုတဲ့လူမျိုးက ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ခံယူတယ်''ဟု ၎င်းကဆက်လက် ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment