Sunday, October 6, 2013

ဘုံချောင်းကျေးရွာတွင် ပညာဗိမာန်စာကြည့်တိုက်ဖွင့်

ကချင်ြပည်နယ်၊ မိုးညှင်းမြို့နယ် အင်းကုန်းအုပ်စု၊ ဘုံချောင်းကျေးရွာတွင် ပညာဗိမာန်စာကြည့််တိုက် ဖွင့်ပွဲအခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အောက်တိုဘာလ ၅ရက်နေ့က မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒု-ဦးစီးမှူး ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး၊ ဘုံချောင်းကျေးရွာ ရာအိမ်မှူးတို့က ဖွင့်လှစ်ပေးခဲ့သည်။ မိုးညှင်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးမျိုးဝင်းစိုးက“ကျေးလက်ပြည်သူများ အသိပညာဗဟုသုတများပြီး ခေတ်နှင့်အညီ ကျေးလက်ပြည်သူများတိုးတက်ဖွံ့ဖြိုးစေရန်အတွက် စာကြည့်တိုက်များ ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်”ဟု အမှာ စကားတွင် ထည့်သွင်းပြောသည်။

ITခေတ်သို့ရောက်ရှိနေသော ကမ္ဘာကြီးကို ရွာလို့တင်စားခေါ်ဆိုနေကြတဲ့ အချိန်အခါမှာ ကျေး လက်ပြည် သူတွေ စာများများဖတ်ပြီး ဗဟုသုတတွေ ရစေချင်တယ်၊၊ အမှားအမှန်တွေကို ကိုယ်ပိုင်ခွဲ ချမ်း စိတ်ဖြား နိုင်စေချင်ပါ တယ်။ ခေတ်စနစ်နဲ့အညီ ကျေးလက်ပြည်သူတွေကို အသိဥာဏ်ဖွံ့ဖြိုးတိုး တက်စေ ချင်တယ်”  ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီး ဦးတင်ဝင်းသိန်း မှ စာကြည့်တိုက်ဖွင့်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာကြည့်တိုက်ရေရှည် တည်တန့် ခိုင်မြဲနိုင်ရန် အတွက် ရှေ့လုပ်ငန်းစဉ်များအားဟောပြောဆွေးနွေးခဲ့သည်။


လူဝင် မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ဒုတိယလ၀ကမှူး ဦးစံငွေက ၂၀၁၄ခုနှစ် တွင် ကောက်ယူမည့် သန်းကောင်စာရင်းလုပ်ငန်းစဉ်များတွင် ပြည်သူမှ အမှန်အတိုင်း တင်ပြ လာသော လူဦးရေစာရင်းများရရှိမှသာ နိုင်ငံတော်မှ သိရှိပြီှးပြည်သူ၏ အမှန်တကယ် လိုအပ်ချက်ကို ဖြည်ဆည်းနိုင် မည်ဖြစ်ကြောင်း လူဦးရေနှင့်အိမ်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ပညာဗိမာန် စာကြည့်တိုက်အတွက် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းမှ ဗဟုသုတစာအုပ် မျိုးစုံ(၁၅၀) အုပ်၊ ကျေးလက်ပြည်သူများမှ (၁၅၀)အုပ်၊ ကျေးလက်အလှူရှင်များမှ ငွေပဒေသာပင် အတွက်(၁)သိန်းကျပ်တို့အား လှူဒါန်းခဲ့သည်။ ပညာဗိမာန်စာကြည့်တိုက်ကို အလျား(၂၄)ပေ၊ အနံ (၁၄)ပေ၊ အမြင့်(၁၂)ပေ၊ သွပ်မိုးအုတ်တက် နံကပ်တစ်ထပ်ဖြစ်ပြီး နိုင်ငံတော်မှ မတည်ငွေ(၁၀)သိန်း ရှိပြီး၊ ကျေးရြွာ ပည်သူများမှ လှူဒါန်းငွေ(၇)သိန်း (၃)သောင်း၃၀၀ကျပ်၊ စုစုပေါင်းငွေကျပ် (၁၇၃၀၃၀၀)  သိန်းကို အကုန်ကျခံ တည်ဆောက် ခဲ့ကြောင်း စာရင်းရှင်းတန်းများအရ သိရသည်။

သီဟအောင်(ကချင်)
The Myanma Age

0 comments:

Post a Comment