Wednesday, October 30, 2013

သမိုင်းဝင်တဲ့ တိုင်းရင်းသား ညီလာခံကို ဝနဲ့ မိုင်းလား မတက်ရောက်

Photo: သမိုင်းဝင်တဲ့ တိုင်းရင်းသား ညီလာခံကို ဝနဲ့ မိုင်းလား မတက်ရောက်
Wednesday, October 30, 2013

မြန်မာနိုင်ငံအတွက် သမိုင်းဝင်မယ့် ဖြစ်ရပ်တစ်ခုဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို ဒီကနေ့ကစပြီး ကချင်ကေအိုင်အို ရဲ့ ဌာနချုပ် လိုင်ဇာမြို့မှာ စတင်ကျင်းပမှာဖြစ်ပြီး ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့တို့ မတက်ရောက်ဘူးလို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ၃ ရက်အကြာ ပြုလုပ်မယ့် အဲဒီညီလာခံကို KIO က စီစဉ်ကျင်းပတာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၉ ဖွဲ့ကို ဖိတ်ကြား
ထားပေမယ့် ဝတပ်ဖွဲ့နဲ့ မိုင်းလား အဖွဲ့တွေကတော့ လိုင်ဇာမြို့ကို ရောက်
မလာဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ၀ တပ်ဖွဲ့ရဲ့ ၀ိန်းကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင်က ၀တပ်ဖွဲ့အနေနဲ့ လိုင်ဇာညီလာခံကို မတက်ရောက်နိုင်တာ မှန်ကန်ကြောင်း အခုလို အတည်ပြု ပြောပါတယ်။

ပထမ ပြောတာတော့ သွားမယ်လို့ ပြောတာ၊ အယ် သွားတဲ့အချိန်က သူတို့ မသွားဖြစ်ဘူး ဖြစ်နေတယ်၊ သူတို့ မသွားဖြစ်တာ ဘာကိစ္စနဲ့လည်း မသိဘူး။ မေးကြည့်တာတော့ မသွားဘူးတဲ့ မိန်းလား နဲ့ ကျနော်တို့ ၀ က မသွားဘူးတဲ့ ဒါကတော့ ဘာအကြောင်းကြောင့်လဲတော့ မသိဘူး၊ ကျန်းမာရေးတော့ မဖြစ်ဘူး ဒါပေမယ့် တခုခုတော့ ဖြစ်မယ်ထင်တယ်၊ အရင်တစ်ခေါက်လည်း မသွားဘူးလေ ဒီတစ်ခေါက်လည်း မသွားဘူး။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလား
တပ်ဖွဲ့က ဆက်ဆံရေးရုံး အရာရှိ တစ်ဦးကတော့ မတက်ရောက်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခွင့်မရှိဘူးလို့ ပြောပါတယ်။

အဲ့ဒီကိစ္စကို ကျနော်တို့ ပြောလို့ မရပါဘူးခင်ဗျ၊ ကျနော်တို့လည်း
ကောင်းကောင်းလည်း မသိဘူးလေ၊ သွားတော့ မသွားတက်ပါဘူးခင်ဗျား။

မိုင်းလား နဲ့ UWSA တပ်ဖွဲ့တွေနဲ့ နီးစပ်သူလည်းဖြစ် တရုတ် မြန်မာ
နယ်စပ်အခြေစိုက် စစ်ရေးလေ့လာ သုံးသပ်သူတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်ကျော်ဇော် ကတော့ သူ့ရဲ့အမြင်ကို အခုလို သုံးသပ် ပြော
ဆိုပါတယ်။

ကျနော်တို့လည်း မေးကြည့်ပြီးပြီ သူတို့က ဘာမှ အတိအကျ ဖြေတာ မရှိပါဘူး၊ သူတို့ပြောတာက ၀သပ ကမသွားဘူး သူတို့လည်း မသွားဘူး ၀သပ နဲ့ သူတို့နဲ့ က ညီနောင်ပါတီ အဖွဲ့အစည်းဖြစ်တာကိုး မသွားကြဘူး အဲ့ဒါပါပဲ၊ တဖက်ကလည်း စဉ်းစားစရာရှိတာပေါ့ သူတို့ စောစောကြိုပြော
ထားတာ ရှိတဲ့ ၀သပ အနေနဲ့ ဒီ နေရှင်းနယ် ပီစ် စေ့ဖားရား အကုတ်ကို လက်မှတ်ထိုးစရာ မလိုဘူးပေါ့ အရင်တုန်းကလည်း ထိုးဖူးတယ်ပေါ့ ပြော
ဖူးတာကိုး အယ် အဲ့အတွက်ကြောင့် မလိုအပ်လို့ ဒီအစည်းအဝေးက အဲ့မှာ ထိုးမထိုး ဆိုတာကို ဆုံးဖြတ်ကြမှာကိုး အဲ့ဒါကြောင့် မသွားတာလည်း ဖြစ်ရင်
ဖြစ်မှာပေါ့ အခြားအကြောင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်။ အိမ်နီးနားချင်း တရုတ်ပြည်ရဲ့ ဖိအားလားပေါ့ ဒါမှ မဟုတ်လည်း တခြား ဗမာအစိုးရက ပါဝင်မှာ မကြိုက်လို့ မသွားတာလားပေါ့ ဒီလိုလည်း စဉ်းစားနိုင်ပါတယ်။

လက်ရှိအစိုးရကနေ လာမည့် နိုဝင်ဘာလထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးဖို့ ပြင်ဆင်ထားပြီး အဲဒီပွဲမှာ လက်မှတ်ထိုးမထိုး ဆိုတာကိုတော့ အခုကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ညီလာခံ က ဆွေးနွေးကြမယ့်
အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ ထားပါတယ်။

သုံးရက်ကြာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို လက်နက်ကိုင် အဖွဲ့ ၁၉ ဖွဲ့ကို ဖိတ်ကြားထားပေမယ့် ၁၆ ဖွဲ့က ကိုယ်စားလှယ်အယောက်ပေါင်း ၆၀ လောက် တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီ လက်နက်ကိုင် တိုင်းရင်းသားညီလာခံ ပြီးဆုံးတဲ့အခါ ကချင်ငြိမ်းချမ်းရေး
ကော်မတီအဖွဲ့က မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့နဲ့ တွေ့ဆုံ
မှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးအကြောင်း နိုဝင်ဘာလ ၃ ရက်နေ့ကျရင်
ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရအတွက် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနဲ့ အပစ်အခတ်
ရပ်စဲဖို့က အရေးကြီးတဲ့အတွက် အပူတပြင်း ကြိုးစားနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရင်တော့
နိုင်ငံရေးဆွေးနွေးမှုတွေ စတင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ABC Radio
မြန်မာနိုင်ငံအတွက် သမိုင်းဝင်မယ့် ဖြစ်ရပ်တစ်ခုဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို ဒီကနေ့ကစပြီး ကချင်ကေအိုင်အို ရဲ့ ဌာနချုပ် လိုင်ဇာမြို့မှာ စတင်ကျင်းပမှာဖြစ်ပြီး ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့တို့ မတက်ရောက်ဘူးလို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ၃ ရက်အကြာ ပြုလုပ်မယ့် အဲဒီညီလာခံကို KIO က စီစဉ် ကျင်းပတာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၉ ဖွဲ့ကို ဖိတ်ကြား ထားပေမယ့် ဝတပ်ဖွဲ့နဲ့ မိုင်းလား အဖွဲ့တွေကတော့ လိုင်ဇာမြို့ကို ရောက်မလာဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ၀ တပ်ဖွဲ့ရဲ့ ၀ိန်းကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင်က ၀တပ်ဖွဲ့အနေနဲ့ လိုင်ဇာညီလာခံကို မတက်ရောက်နိုင်တာ မှန်ကန်ကြောင်း အခုလို အတည်ပြု ပြောပါတယ်။

ပထမ ပြောတာတော့ သွားမယ်လို့ ပြောတာ၊ အယ် သွားတဲ့အချိန်က သူတို့ မသွားဖြစ်ဘူး ဖြစ်နေတယ်၊ သူတို့ မသွားဖြစ်တာ ဘာကိစ္စနဲ့လည်း မသိဘူး။ မေးကြည့်တာတော့ မသွားဘူးတဲ့ မိန်းလား နဲ့ ကျနော်တို့ ၀ က မသွားဘူးတဲ့ ဒါကတော့ ဘာအကြောင်းကြောင့်လဲတော့ မသိဘူး၊ ကျန်းမာရေးတော့ မဖြစ်ဘူး ဒါပေမယ့် တခုခုတော့ ဖြစ်မယ်ထင်တယ်၊ အရင်တစ်ခေါက်လည်း မသွားဘူးလေ ဒီတစ်ခေါက်လည်း မသွားဘူး။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ဆက်ဆံရေးရုံး အရာရှိ တစ်ဦးကတော့ မတက်ရောက်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခွင့်မရှိဘူးလို့ ပြောပါတယ်။

အဲ့ဒီကိစ္စကို ကျနော်တို့ ပြောလို့ မရပါဘူးခင်ဗျ၊ ကျနော်တို့လည်းကောင်းကောင်းလည်း မသိဘူးလေ၊ သွားတော့ မသွားတက်ပါဘူးခင်ဗျား။

မိုင်းလား နဲ့ UWSA တပ်ဖွဲ့တွေနဲ့ နီးစပ်သူလည်းဖြစ် တရုတ် မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာ သုံးသပ်သူတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်ကျော်ဇော် ကတော့ သူ့ရဲ့အမြင်ကို အခုလို သုံးသပ် ပြောဆို ပါတယ်။

ကျနော်တို့လည်း မေးကြည့်ပြီးပြီ သူတို့က ဘာမှ အတိအကျ ဖြေတာ မရှိပါဘူး၊ သူတို့ပြောတာက ၀သပ ကမသွားဘူး သူတို့လည်း မသွားဘူး ၀သပ နဲ့ သူတို့နဲ့ က ညီနောင်ပါတီ အဖွဲ့အစည်းဖြစ်တာကိုး မသွားကြဘူး အဲ့ဒါပါပဲ၊ တဖက်ကလည်း စဉ်းစားစရာရှိတာပေါ့ သူတို့ စောစောကြိုပြောထားတာ ရှိတဲ့ ၀သပ အနေနဲ့ ဒီ နေရှင်းနယ် ပီစ် စေ့ဖားရား အကုတ်ကို လက်မှတ်ထိုးစရာ မလိုဘူးပေါ့ အရင်တုန်း ကလည်း ထိုးဖူးတယ်ပေါ့ ပြောဖူးတာကိုး အယ် အဲ့အတွက်ကြောင့် မလိုအပ်လို့ ဒီအစည်းအဝေးက အဲ့မှာ ထိုးမထိုး ဆိုတာကို ဆုံးဖြတ်ကြမှာကိုး အဲ့ဒါကြောင့် မသွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ အခြား အကြောင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်။ အိမ်နီးနားချင်း တရုတ်ပြည်ရဲ့ ဖိအားလားပေါ့ ဒါမှ မဟုတ်လည်း တခြား ဗမာအစိုးရက ပါဝင်မှာ မကြိုက်လို့ မသွားတာလားပေါ့ ဒီလိုလည်း စဉ်းစားနိုင် ပါတယ်။

လက်ရှိအစိုးရကနေ လာမည့် နိုဝင်ဘာလထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးဖို့ ပြင်ဆင်ထားပြီး အဲဒီပွဲမှာ လက်မှတ်ထိုးမထိုး ဆိုတာကိုတော့ အခုကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ညီလာခံ က ဆွေးနွေးကြမယ့်အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ ထားပါတယ်။

သုံးရက်ကြာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို လက်နက်ကိုင် အဖွဲ့ ၁၉ ဖွဲ့ကို ဖိတ်ကြားထားပေမယ့် ၁၆ ဖွဲ့က ကိုယ်စားလှယ်အယောက်ပေါင်း ၆၀ လောက် တက်ရောက် မှာ ဖြစ်ပါတယ်။

ဒီ လက်နက်ကိုင် တိုင်းရင်းသားညီလာခံ ပြီးဆုံးတဲ့အခါ ကချင်ငြိမ်းချမ်းရေးကော်မတီ အဖွဲ့က မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့နဲ့ တွေ့ဆုံမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး အကြောင်း နိုဝင်ဘာလ ၃ ရက်နေ့ကျရင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရအတွက် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနဲ့ အပစ်အခတ်ရပ်စဲဖို့က အရေးကြီးတဲ့အတွက် အပူတပြင်း ကြိုးစားနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ရင်တော့နိုင်ငံရေးဆွေးနွေးမှုတွေ စတင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ABC Radio

0 comments:

Post a Comment