Monday, October 7, 2013

ပေါင် ၁၇ သန်းလောက်ပဲ တန်ကြေးရှိတော့သည့် ရီးရဲလ်တိုက်စစ်မှုး ဘန်ဇီမားကို အာဆင်နယ်၊ ချဲလ်ဆီးလ် နှင့် မန်ယူအသင်းတို့ အပြိုင်လုဖွယ်ရှိ

 
 နောက်လာတော့မည့် အပြောင်းအရွှေ့ ကာလမှာ မန်ယူ၊ ချဲလ်ဆီး နှင့် အာဆင်နယ် အသင်းတို့သည် ရီးရဲလ်မက်ဒရစ်မှထွက်ခွာဖွယ်ရှိသည့် ဘန်ဇီးမားကို ခေါ်ယူရန် အသီးသီး စိတ်ဝင်တစား ပြောဆို ကမ်းလှမ်းထားကြသည်ဟု သိရပါသည်။ ထို့အပြင် စပိန်မီဒီယာတွေကလည်း ဘန်ဇီးမား၏ အေးဂျင့်ဖြစ်သူသည် ကစားသမားအတွက် သင့်တော် ကောင်းမွန်မည့် ကလပ်အသင်းတစ်ခုကို ရှာဖွေနေကြောင်း ChampionsLeague.ca ၀က်ဆိုက်မှနေပြီး သတင်းပို့ ပြောကြားခဲ့ပါသည်။
 

ရီးရဲလ်မက်ဒရစ်မှာ စွမ်းဆောင်ရည်တွေ ကျဆင်းလာပြီးနောက် ဘန်ဇီးမားကို လက်ရှိအချိန်မှာ ပေါက်ဈေး ပေါင် သန်း ၁၇ သန်းဖြင့်ရောင်းချရန် သတင်းပြေးနေပါသည်။  အရင်နွေရာသီ ကာလ ခန့်လောက်က အာဆင်နယ်အသင်းက ပေါင် သန်း ၄၀ ဖြင့်ဘန်ဇီးမားအား ခေါ်ယူရန် ပြောဆို ညိုနှိုင်းခဲ့ဖူးပါသည်။ အသက် (၂၅) နှစ်ရှိပြီ ဖြစ်တဲ့ ပြင်သစ်သား ဘန်ဇီမားသည် ရီးရဲလ်မက်ဒရစ်အသင်းကို ၂၀၀၉ ခုနှစ်မှာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းကနေ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့ကစားလာခဲ့တဲ့သူ ဖြစ်ပါသည်။ တိုက်စစ်အားနည်းနေသည့် ဥရောပကလပ် အသင်းများအတွက် လက်ရှိ သူ့ခြေစွမ်းသည် အသုံးတည့်နိုင်သေးသဖြင့် ယင်းအား ခေါ်ယူ အားဖြည့်ရန် ကလပ်အသင်းအများစုက ဆန္ဒရှိနေကြပါသည်ဟု၍လည်း သတင်းကြား သိရပြန်ပါသည်။
Written by မိုးတိမ် (တမာမြေ) 

0 comments:

Post a Comment