Monday, October 7, 2013

အဲဗာတန်မှ ဘိန်းစ် အား ရရှိရန် ပေါင်(၁၅)သန်း အပြင် ဗလင်စီယာကိုပါ အလိုက်ပေး ကမ်းလှမ်း မည့် မိုယက်စ်

  
မန်ချက်စတာ ယူနိုက်တက်၏ ဘယ်နောက်ခံလူ ပတ်ထရစ် အီဗရာ၏ စွမ်းဆောင်ရည်သည် ယခုနှစ်အတွက် အဆင်ပြေနေသည့် အနေအထားမှာ ရှိနေသော်လည်း ဒေးဗစ်မိုယက်စ်က သူ့နေရာအား အဲဗာတန်မှ ဘိန်စ်း ဖြင့် အစားထိုး ပြင်ဆင်လိုနေသည်။ ယနေ့ တက်လာသည့် သတင်းများ အရဆိုလျှင် ဒေးဗစ်မိုယက်စ်သည် ဘိန်စ်း ကို ရရှိနိုင်ရန် ပေါင်(၁၅)သန်းအပြင် အန်တိုနီဗလန်စီယာ ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားရန် စီစဉ်ထားသည်ဟု ဖေါ်ပြထားသည်။
ပွဲထွက်ခွင့်ပုံမှန် မရရှိသူ ဗလန်စီယာသည် သူ့အနေအထားအား စိတ်ပျက်လျှက်ရှိနေပြီး၊ ဒေးဗစ်မိုယက်စ် ကလည်း သူ့အား ရောင်းထုတ်ရန် ဆုံးဖြတ်ထားပြီးပြီ ဟုသိရသည်။ အဲဗာတန်တွင် တစ်ပါတ်လုပ်ခ ပေါင် ခုနှစ်သောင်းခွဲ ရရှိသည့် ဘိန်းစ်သည် လည်း မန်ယူအသင်းသို့ ပြောင်းရွေ့ရန် ဆန္ဒရှိနေသည်။
ထို့အတူ စပါလ်းအသင်းနည်းပြ ဘိုအာစ့်ကသူ၏ ဘယ်နောက်ခံလူနေရာကို ဘိန်းစ် ဖြင့်အစားထိုး ပြင်ဆင်ချင် နေသလို၊ မော်ရင်ဟိုကလည်း အက်ရှ်လေကိုးလ် နေရာအား ဘိန်းစ် ဖြင့် အစားထိုးချင်နေသည်။
ရာသီအစ အပြောင်းအရွေ့ကာလတွင်းက ဘိန်းစ်၏ ဈေးနှုန်းသည် ပေါင် (၁၂)သန်း ပါတ်ဝန်းကျင်သာ ရှိသော်လည်း ယခုနှစ်တွင် အဲဗာတန်အတွက် အထူးခြေစွမ်းပြနေသည့် ကစား သမားဖြစ်သည်။
Written by မောရစ် 

0 comments:

Post a Comment