မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော်ရှိပြီး
ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်ကို နိုင်ငံပေါင်း ၁၀ နိုင်ငံကို
ထပ်မံလုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ
သိရသည်။
အဆိုပါ
လုပ်ကွက်များအား လုပ်ကိုင်ခွင့် ရရှိခဲ့သည့် နိုင်ငံများမှာ အိန္ဒိယ၊ အီတလီ၊
ပါကစ္စတန်၊ ဘရူနိုင်း၊ မလေးရှား၊ ကနေဒါ၊ လူဇင်ဘတ်၊ ရုရှား၊ ထိုင်းနှင့်
British Virgin Islands နိုင်ငံတို့မှ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး
အိန္ဒိယ၊ အီတလီ၊ ပါကစ္စတန်၊ British Virgin Islands၊ မလေးရှားနှင့်
ကနေဒါနိုင်ငံတို့မှ လုပ်ကွက်နှစ်ကွက်စီဖြင့်
ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်၊ မတ်လနှင့် မေလအတွင်း၌ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာတီတိုင်း
ဒေသကြီးတို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေး
လုပ်ငန်းပေါင်း ကိုးခုကို ထိုင်းနိုင်ငံ အခြေစိုက် PTTEP တောင်အာရှလီမိတက်
အပါအ၀င် နိုင်ငံခြား ကုမ္ပဏီများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်မှ လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ကုန်းတွင်းလုပ်ကွက်များတွင် အင်ဒိုနီးရှား၊
တရုတ်၊ British Virgin Islands၊ အိန္ဒိယ၊ စင်ကာပူ၊ ရုရှားတို့မှ
ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ကမ်းလွန်လုပ်ကွက်များတွင်မူ
နိုင်ငံခြားကုမ္ပဏီ ၂၂ ခုမှ ၀င်ရောက်လုပ်ကိုင် လျက်ရှိကြောင်း
စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံရှိ
လုပ်ကွက်များမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များအား
ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ
၂၅၂၂ သန်းကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄၆၃ သန်းကျော်နှင့်
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၄၈ သန်းကျော် အသီးသီး
ရရှိခဲ့ကြောင်း သိရသည်။
အာရှပစိဖိတ် ဒေသတွင် သဘာဝဓာတ်ငွေ့အား
ပိုက်လိုင်းဖြင့် တင်ပို့ရာ၌ မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ
ပြီးပါက ဒုတိယအမြင့်ဆုံး နိုင်ငံဖြစ်ပြီး ပထမနေရာတွင် ရပ်တည်နေသည့်
အင်ဒိုနီးရှားနိုင်ငံဖြင့် နှိုင်းယှဉ်ပါက ပမာဏ အနည်းငယ်သာ
ကွာခြားမှုရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ကုန်းတွင်းလုပ်ကွက်များတွင် နိုင်ငံခြား ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံထားမှု အချို့
နိုင်ငံခြားကုမ္ပဏီ/နိုင်ငံအမည် လုပ်ကွက် တည်နေရာ
၁။ MPRL E&P (British Virgin Islands) MOGE-2 (N) မန်းရေနံမြေ
၂။ GOLDPETROL (အင်ဒိုနီးရှား) MOGE-1 ရေနံချောင်းရေနံမြေ
၃။ GOLDPETROL (အင်ဒိုနီးရှား) IOR-2 ချောက်ရေနံမြေ
၎။ North Petro-Chem (တရုတ်) F ငလှိုင်တွင်းရေနံမြေ
၅။ CNOOC (တရုတ်) PSC-M ကျောက်ဖြူ
၆။ CNOOC PSC-C1 အင်းတော်-ရဲနံ
၇။ CNOOC PSC-C2 ရွှေဘို-မုံရွာ
၈။ SIPC Myanmar (တရုတ်) PSC-D မဟူတောင်
၉။ ESSAR (အိန္ဒိယ) PSC-L စစ်တွေ
၁၀။ Silver Wave (စင်ကာပူ) PSC-B2 ဇီးဖြူတောင်-နန်းတော်
၁၁။ Nobel Oil (ရုရှား) PSC-A ဟူးကောင်း
၁၂။ Nobel Oil PSC-B1 ဥရု
သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ ရငွေ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် သဘာဝဓာတ်ငွေ့
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂ ၃၄၆၃ .၄၈၂
၂၀၁၂-၂၀၁၃ ၁၆၄၈ .၉၉
Eleven Media Group
0 comments:
Post a Comment