Monday, October 14, 2013

အိန္ဒိယဘုရားဖူး အများအပြား လူပိသေဆုံး

အိန္ဒိယနိုင်ငံ၊ မာဒီယာပရာဒတ်ရှ် (Madhya Pradesh) ပြည်နယ် ဒါဆီယာ (Datia) ခရိုင်က ဟိန္ဒူ ဘုရားကျောင်း တစ်ကျောင်းရဲ့အပြင် တံတားပေါ်မှာ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပိမိပြီးတော့ တရာနီးပါး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရှိသွားပါတယ်။

ဒီတံတား ကျိုးကျတော့မယ်ဆိုတဲ့ ကောဠဟာလထွက်လာပြီးတော့ လူတွေ ရုန်းရင်း ဆန်ခတ်ပြေး လွှားကြလို့ တစ်ဦးနဲ့တစ်ဦး နင်းမိကုန်တာဖြစ်ပါတယ်။

တံတားက ဆင်းမြစ် (Sindh River) ကိုဖြတ်ပြီး ဆောက်ထားတာဖြစ်ပြီး ဘာသာရေး ပွဲတော် တစ်ခု အတွက် လူတွေ တံတားကိုဖြတ်ကူးလာကြတာပါ။ အိန္ဒိယနိုင်ငံ ဘာသာရေး ပွဲတော်တွေမှာ အခုလို လူနင်းမိလို့ သေဆုံးရတဲ့ သာဓကတွေအများကြီး ရှိထားပါတယ်။

အသေအပျောက်စာရင်း တိုးလာနိုင်ဖွယ်ရှိပါတယ်ရှင်။

VOA  

0 comments:

Post a Comment