Wednesday, October 16, 2013

နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ

Photo: နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ
Wednesday, October 16, 2013

ယောဂီတို့ နိဗ္ဗာန်ကို သဘောမပေါက်ရင် စိတ်ကို ကြည့်ရအောင်။ စိတ်ဟာ ပရ
မတ္တတသဘောတရား။ နိဗ္ဗာန်ဟာလည်း ပရမတ္တသဘောတရား။ သဘောချင်း
ပရမတ်ချင်းအတူတူပဲ။ ပရမတ်ဆိုတာအရှိတရား။ သို့သော်လည်း . . .

စိတ်က သင်္ခတပရမတ်။ နိဗ္ဗာန်က အသင်္ခတပရမတ်။
စိတ်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
နိဗ္ဗာန်က နိစ္စ၊ သုခ၊ အနတ္တ။

အနတ္တစကားလုံးချင်းတူပေမယ့်လို့ အဓိပ္ပာယ်ချင်းမတူဘူးနော်။ စိတ်က မမြဲဘူး။
တင်းရဲတယ်။ နိဗ္ဗာန်က မြဲတယ်၊ ချမ်းသာတယ်။ သန္တိသုခ။ အဲဒီတော့ နိဗ္ဗာန်ကို 
အနုမာနခန့်မှန်းဖို့ ပြောာတာ။

စိတ်က တကယ်ရှိတဲ့တရား။ စိတ်ဟာ ရှိလည်းရှိတယ်။ ဖြစ်လည်းဖြစ်တယ်။ ပျက်
လည်း ပျက်တယ်။ စိတ်ဟာ အရှိ ဒုက္ခသစ္စာပေါ့။ စိတ်ကိုကြည့်ရအောင် ယောဂီ
တို့။ စိတ်ဟာ ဝိုင်းဝိုင်းတို့၊ လေးထောင့်တို့ ပုံသဏ္ဍာန်ရှိရဲ့လား။

ပုံဟာနိမိတ်၊ ကင်းဆိတ်ထင်သည်။

ပုံဟာနိမိတ်မရှိဘူး။ စိတ်ဟာ နိဗ္ဗာန်ကိုလည်း ခန့်မှန်းလို့ရတယ်။ နိဗ္ဗာန်က စိတ်လို
ပဲ ပုံဟန်နိမိတ်မရှိဘူး။ ဝင်းဝင်းဝါဝါကြီးတို့ မရှိဘူး။ ဒါ ပရမတ်ချင်းတူတဲ့သဘောကို
ပြောတာ။ စိတ်ဟာ တကယ်ရှိတယ်လို့သိရင် နိဗ္ဗာန်ဟာ တကယ်ရှိတယ်။ နိဗ္ဗာန်က
တော်တော်လေးနက်နဲတော့ ယောဂီတို့ကို အခြေခံလေးပြောနေတာနော်။ ယောဂီ
တို့သဏ္ဌာန်မှာ စိတ်ရှိရဲ့လား။

“ရှိပါတယ်ဘုရား”

စိတ်ရှိတာ ဘယ်လိုလုပ်သိလဲ။ အခုကြားတာတွေ၊ မြင်တာတွေက စိတ်ကကြား
တာ၊ စိတ်ကမြင်တာ မဟုတ်လား။

စိတ်ရှိတာ မထင်ရှားဘူးလား။ စိတ်ရှိလို့ အခုယောဂီတို့ ကြားတာပေါ့။ ယောဂီတို့
အခု စိတ်မရှိတော့ဘူး။ သေသွားပြီဆိုရင် ကြားပါဦးမလား။

“မကြားတော့ပါဘူးဘုရား”

အရှိတရား စိတ်ကို မမြင်ရသလို၊ နိဗ္ဗာန်ကိုလည်း ပကတိမျက်စိနဲ့ မမြင်ရဘူး။ စိတ်
ကို ဉာဏ်မျက်စိနဲ့မှမြင်တာ။

စိတ္တာနုပဿနာရှုတော့ စိတ်ကို ယောဂီတို့ မမြင်ရဘူးလား။ အဝိုင်း၊ လေးထောင့်
မြင်တာမဟုတ်ဘူး။ မြင်တယ်ဆိုတာ သိတာကိုပြောတာ။ ယောဂီတို့ ထိုင်ခါနီး
တော့ ထိုင်ချင်တဲ့စိတ်ဖြစ်တယ်။ ထိုင်ချင်တဲ့စိတ်ကို ရှုမှတ်တဲ့ပုဂ္ဂိုလ်က ထိုင်ချင်
တဲ့စိတ် မြင်တာပဲ။ သိတာကိုပြောတာ။ထိုင်ချင်တယ်၊ ထိုင်ချင်တယ် ထိုင်ချင်တဲ့
စိတ်ကလေးက တစ်ခုပြီး တစ်ခု ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် ပြီး
တော့မှ ထိုင်တာ။ အဲဒီကြားထဲမှာ စိတ်ကလေးတစ်ခု ရှိသေးတယ်။

“ထိုင်မယ်ကွာ” ဆိုတဲ့ ဆုံးဖြတ်ချက်ကလေး လာသေးတယ်။ စိတ်တွေက မြန်လွန်
အားကြီးလို့ မရှိဘူးအောက်မေ့နေတာ။ ထိုင်ချင်တယ်။ ထိုင်ချင်တယ်ဆိုပြီး ထိုင်
သေးတာ မဟုတ်ဘူး။ တောင့်နေတာ။ ထိုင်မယ်ဟေ့လို့ ဆုံးဖြတ်ချက်ချတော့မှ တ
ဖြည်းဖြည်း အောက်ကိုထိုင်ချတာ။ အဲဒီတော့မှ “ထိုင်တယ်၊ ထိုင်တယ်” မှတ်ရတာ။

ထချင်တယ်ဆိုလည်း ကြည့်ပါလား။ ထချင်တယ် သဘောပဲရှိသေးတယ်။ စိတ်ကို
ပြောနေတာနော် ယောဂီတို့။ ထမယ်ကွာလို့ ဆုံးဖြတ်ချက်ချတော့မှ ထဖြစ်တာ။ ဒါ
ပေမယ့် မမှတ်တဲ့အခါကျတော့ အဲဒီစိတ်ကလေးက ဖြစ်တာ ပျက်တာကို မသိတော့
ဘူး။ ထမယ်ကွာဆိုတဲ့ဆုံးဖြတ်ချက် ချတဲ့စိတ်ကလေးလည်း ဖြစ်လိုက်တယ်။ ဒါပေ
မယ့်မသိလိုက်ဘူး။ စိတ်ကမြန်တယ် ယောဂီက မမှတ်မိဘူး။ အဲဒီလို ဖြစ်သွားတယ်။

စိတ်ဟာ အရှိတရားဖြစ်သလို နိဗ္ဗာန်ကလည်း အရှိတရား။ သင်္ခတပရမတ်နဲ့ အသင်္ခ
တပရမတ်ကို နှိုင်းယှဉ်ပြနေတာနော် ယောဂီတို့။ စိတ်ရှိသလို နိဗ္ဗာန်လည်းရှိတယ်။
နို့မို့ဆိုလို့ရှိရင် နိဗ္ဗာန်ကဘယ်မှာလဲ။ အရှေ့မှာလား။ အနောက်မှာလား။ တောင်မှာ
လား။ မြောက်မှာလား။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပုန် ဘယ်မှာလဲ။ နိဗ္ဗာန်ကရုပ်
လည်းမရှိ၊ နာမ်လည်းမရှိဆိုတော့ ဘာမှမရှိဘူးလား။ ဒီလိုထင်တယ်၊ အခု . . .
ယောဂီတို့စိတ်ကို လက်နဲ့ကိုင်ပြလို့ရလား။

“မရပါဘူးဘုရား”

ဒါပေမယ့် တကယ်မရှိဘူးလား။

“ရှိပါတယ်ဘုရား”

နိဗ္ဗာန်ကလည်း ဒီအတိုင်းပဲ။ လက်နဲ့ကိုင်ပြလို့ မရပေမယ့် တကယ်ရှိတယ်။ ”ပစ္စတ္တံ
ဝေဒိတဗ္ဗောဝိညူဟိ” မဂ်ဉာဏ်ရပြီးသား အရိယာသူတော်ကောင်းတွေက နိဗ္ဗာန
ဓာတ် သမာပတ်ကို မိမိတို့ အလိုရှိတိုင်း ကိုယ်စီ ကိုယ်င အသီးသီးခံစားနိုင်တဲ့အ
တွက် နိဗ္ဗာန်ရှိတာကို သိတယ်။

သောတာပန်ပုဂ္ဂိုလ်က သောတာပတ္တိဖိုလ် (သောတာပတ္တိဖလသမာပတ်)၊ သကဒါ
ဂါမ်ပုဂ္ဂိုလ်က သကဒါဂါမိဖိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်က အနာဂါမိဖိုလ်၊ ရဟန္တာပုဂ္ဂိုလ်က 
အရဟတ္တဖိုလ် ဝင်စားပြီးတော့ နိဗ္ဗာန်အင်ြမ်းဓာတ်ကို အာရုံပြုနိုင်တယ်။ ဒါကြောင့် 
. . .

ယောဂီတို့က စိတ်ရှိတာကို ရှိမှန်းသိသလို၊ အရိယာ သူတော်ကောင်းတွေကလည်း
နိဗ္ဗာန်ရှိတာကို သိတယ်။ စိတ်ရှိသလို နိဗ္ဗာန်လည်း ရှိတယ်။

ဒါပေမယ့် စိတ်နဲ့နိဗ္ဗာန် မတူဘူး. စိတ်က ဖြစ်ရင် ပျက်ဦးမှာဆိုတော့ ဒုက္ခသစ္စာ။
နိဗ္ဗာန်ကဒုက္ခသစ္စာမဟုတ်ဘူး။ အဖြစ်လည်းမရှိဘူး။ အပျက်လည်း မရှိဘူး။ ဘာ
ရှိသလည်း။ နိဗ္ဗာန်ဟာ သန္တိလက္ခဏာရှိတယ်။ ငြိမ်းအေးတဲ့သဘောရှိတယ်။ အ
ရှိတရားကို ပြောနေတာနော်။

အကြောင်းအကျိုး ရုပ်နာမ်တွေမှ မသိတဲ့သူတွေ ဘယ်လိုလုပ် နိဗ္ဗာန်ကို ခန့်မှန်းလို့ 
ရမလဲ။ ယောဂီတို့ ဝိပဿနာအားထုတ်နေတာတောင်မှ နိဗ္ဗာန်နဲ့ပတ်သက်လာရင် 
မနက်နဲဘူးလား။ ဝိပဿနာတရားတွေ အားထုတ်၊ ဗုဒ္ဓဘာသာကို ငယ်ငယ်ကလေး
ကတည်းကဖြစ်လာတာ။ ဝိပဿနာတရားတွေ နေ့တိုင်း နေ့တိုင်း နာနေတာတောင်
မှပဲ မှားတယ်။

နိဗ္ဗာန်နဲ့ပတ်သက်ရင် “ဥစ္ဆေဒဒိဋ္ဌိ” အဖြစ်များတယ်။ စုတိ၊ ပဋိသန္ဓေနဲ့ ပတ်သက်ရင် 
“သဿတဒိဋ္ဌိ” အဖြစ်များတယ်။ ခန္ဓာနဲ့ပတ်သက်ရင် “သက္ကာယဒိဋ္ဌိ” အဖြစ်များ
တယ်။

နိဗ္ဗာန်ဟာ အနက်ရှိုင်းဆုံးပဲ။ ဘာမှ မဖြစ်တော့ဘူး။ ဘာမျှမရှိတော့ဘူးဆိုတော့ 
ဥစ္ဆေဒဒိဋ္ဌိ အဖြစ်များတယ်။ ဘာမျှ မရှိတာတော့ မဟုတ်ဘူး။ နိဗ္ဗာန်က သန္တိသုခ
အနေနဲ့ ရှိတယ်။

မစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
(လွတ်မြောက်မှုချမ်းသာကိုရှာဖွေခြင်း)
Buddhavasa Tiloka
ယာဂီတို့ နိဗ္ဗာန်ကို သဘောမပေါက်ရင် စိတ်ကို ကြည့်ရအောင်။ စိတ်ဟာ ပရမတ္တတသဘောတရား။ နိဗ္ဗာန်ဟာလည်း ပရမတ္တသဘောတရား။ သဘောချင်းပရမတ်ချင်းအတူတူပဲ။ ပရမတ်ဆိုတာအရှိတရား။ သို့သော်လည်း . . .

စိတ်က သင်္ခတပရမတ်။ နိဗ္ဗာန်က အသင်္ခတပရမတ်။
စိတ်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
နိဗ္ဗာန်က နိစ္စ၊ သုခ၊ အနတ္တ။

အနတ္တစကားလုံးချင်းတူပေမယ့်လို့ အဓိပ္ပာယ်ချင်းမတူဘူးနော်။ စိတ်က မမြဲဘူး။တင်းရဲတယ်။ နိဗ္ဗာန်က မြဲတယ်၊ ချမ်းသာတယ်။ သန္တိသုခ။ အဲဒီတော့ နိဗ္ဗာန်ကို အနုမာနခန့်မှန်းဖို့ ပြောာတာ။

စိတ်က တကယ်ရှိတဲ့တရား။ စိတ်ဟာ ရှိလည်းရှိတယ်။ ဖြစ်လည်းဖြစ်တယ်။ ပျက်လည်း ပျက်တယ်။ စိတ်ဟာ အရှိ ဒုက္ခသစ္စာပေါ့။ စိတ်ကိုကြည့်ရအောင် ယောဂီတို့။ စိတ်ဟာ ဝိုင်းဝိုင်းတို့၊ လေးထောင့်တို့ ပုံသဏ္ဍာန်ရှိရဲ့လား။

ပုံဟာနိမိတ်၊ ကင်းဆိတ်ထင်သည်။

ပုံဟာနိမိတ်မရှိဘူး။ စိတ်ဟာ နိဗ္ဗာန်ကိုလည်း ခန့်မှန်းလို့ရတယ်။ နိဗ္ဗာန်က စိတ်လိုပဲ ပုံဟန်နိမိတ်မရှိဘူး။ ဝင်းဝင်းဝါဝါကြီးတို့ မရှိဘူး။ ဒါ ပရမတ်ချင်းတူတဲ့သဘောကိုပာတာ။ စိတ်ဟာ တကယ်ရှိတယ်လို့သိရင် နိဗ္ဗာန်ဟာ တကယ်ရှိတယ်။ နိဗ္ဗာန်ကတ်ာတော်လေးနက်နဲတော့ ယောဂီတို့ကို အခြေခံလေးပြောနေတာနော်။ ယောဂီတို့သဏ္ဌာန်မှာ စိတ်ရှိရဲ့လား။

“ရှိပါတယ်ဘုရား”

စိတ်ရှိတာ ဘယ်လိုလုပ်သိလဲ။ အခုကြားတာတွေ၊ မြင်တာတွေက စိတ်ကကြားတာ၊ စိတ်ကမြင်တာ မဟုတ်လား။

စိတ်ရှိတာ မထင်ရှားဘူးလား။ စိတ်ရှိလို့ အခုယောဂီတို့ ကြားတာပေါ့။ ယောဂီတို့အခု စိတ် မရှိတော့ဘူး။ သေသွားပြီဆိုရင် ကြားပါဦးမလား။

“မကြားတော့ပါဘူးဘုရား”

အရှိတရား စိတ်ကို မမြင်ရသလို၊ နိဗ္ဗာန်ကိုလည်း ပကတိမျက်စိနဲ့ မမြင်ရဘူး။ စိတ်ကို ဉာဏ်မျက်စိနဲ့မှမြင်တာ။

စိတ္တာနုပဿနာရှုတော့ စိတ်ကို ယောဂီတို့ မမြင်ရဘူးလား။ အဝိုင်း၊ လေးထောင့်မင်တာမဟုတ်ဘူး။ မြင်တယ်ဆိုတာ သိတာကိုပြောတာ။ ယောဂီတို့ ထိုင်ခါနီးတာ့ ထိုင်ချင်တဲ့စိတ်ဖြစ်တယ်။ ထိုင်ချင်တဲ့စိတ်ကို ရှုမှတ်တဲ့ပုဂ္ဂိုလ်က ထိုင်ချင်တဲ့စိတ် မြင်တာပဲ။ သိတာကိုပြောတာ။ထိုင်ချင်တယ်၊ ထိုင်ချင်တယ် ထိုင်ချင်တဲ့စိတ်ကလေးက တစ်ခုပြီး တစ်ခု ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် ပြီးတာ့မှ ထိုင်တာ။ အဲဒီကြားထဲမှာ စိတ်ကလေးတစ်ခု ရှိသေးတယ်။

“ထိုင်မယ်ကွာ” ဆိုတဲ့ ဆုံးဖြတ်ချက်ကလေး လာသေးတယ်။ စိတ်တွေက မြန်လွန်အားကြီးလို့ မရှိဘူးအောက်မေ့နေတာ။ ထိုင်ချင်တယ်။ ထိုင်ချင်တယ်ဆိုပြီး ထိုင်သးတာ မဟုတ်ဘူး။ တောင့်နေ တာ။ ထိုင်မယ်ဟေ့လို့ ဆုံးဖြတ်ချက်ချတော့မှ တဖည်းဖြည်း အောက်ကိုထိုင်ချတာ။ အဲဒီတော့မှ “ထိုင်တယ်၊ ထိုင်တယ်” မှတ်ရတာ။

ထချင်တယ်ဆိုလည်း ကြည့်ပါလား။ ထချင်တယ် သဘောပဲရှိသေးတယ်။ စိတ်ကိုပာနေတာနော် ယောဂီတို့။ ထမယ်ကွာလို့ ဆုံးဖြတ်ချက်ချတော့မှ ထဖြစ်တာ။ ဒါပမယ့် မမှတ်တဲ့အခါကျတော့ အဲဒီစိတ်ကလေးက ဖြစ်တာ ပျက်တာကို မသိတော့ဘူး။ ထမယ်ကွာဆိုတဲ့ဆုံးဖြတ်ချက် ချတဲ့စိတ် ကလေးလည်း ဖြစ်လိုက်တယ်။ ဒါပေမယ့်မသိလိုက်ဘူး။ စိတ်ကမြန်တယ် ယောဂီက မမှတ်မိဘူး။ အဲဒီလို ဖြစ်သွားတယ်။

စိတ်ဟာ အရှိတရားဖြစ်သလို နိဗ္ဗာန်ကလည်း အရှိတရား။ သင်္ခတပရမတ်နဲ့ အသင်္ခတပရမတ်ကို နှိုင်းယှဉ်ပြနေတာနော် ယောဂီတို့။ စိတ်ရှိသလို နိဗ္ဗာန်လည်းရှိတယ်။့မို့ဆိုလို့ရှိရင် နိဗ္ဗာန်က ဘယ်မှာလဲ။ အရှေ့မှာလား။ အနောက်မှာလား။ တောင်မှာလား။ မြောက်မှာလား။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပုန် ဘယ်မှာလဲ။ နိဗ္ဗာန်ကရုပ်လည်းမရှိ၊ နာမ်လည်းမရှိဆိုတော့ ဘာမှမရှိဘူးလား။ ဒီလိုထင်တယ်၊ အခု . . .ယာဂီတို့စိတ်ကို လက်နဲ့ကိုင်ပြလို့ရလား။

“မရပါဘူးဘုရား”

ဒါပေမယ့် တကယ်မရှိဘူးလား။

“ရှိပါတယ်ဘုရား”

နိဗ္ဗာန်ကလည်း ဒီအတိုင်းပဲ။ လက်နဲ့ကိုင်ပြလို့ မရပေမယ့် တကယ်ရှိတယ်။ ”ပစ္စတ္တံဝဒိတဗ္ဗောဝိ ညူဟိ” မဂ်ဉာဏ်ရပြီးသား အရိယာသူတော်ကောင်းတွေက နိဗ္ဗာနဓာတ် သမာပတ်ကို မိမိတို့ အလိုရှိတိုင်း ကိုယ်စီ ကိုယ်င အသီးသီးခံစားနိုင်တဲ့အတွက် နိဗ္ဗာန်ရှိတာကို သိတယ်။

သောတာပန်ပုဂ္ဂိုလ်က သောတာပတ္တိဖိုလ် (သောတာပတ္တိဖလသမာပတ်)၊ သကဒါဂါမ်ပုဂ္ဂိုလ်က သကဒါဂါမိဖိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်က အနာဂါမိဖိုလ်၊ ရဟန္တာပုဂ္ဂိုလ်က အရဟတ္တဖိုလ် ဝင်စားပြီးတော့ နိဗ္ဗာန်အင်ြမ်းဓာတ်ကို အာရုံပြုနိုင်တယ်။ ဒါကြောင့် . . .

ယောဂီတို့က စိတ်ရှိတာကို ရှိမှန်းသိသလို၊ အရိယာ သူတော်ကောင်းတွေကလည်း နိဗ္ဗာန်ရှိတာကို သိတယ်။ စိတ်ရှိသလို နိဗ္ဗာန်လည်း ရှိတယ်။

ဒါပေမယ့် စိတ်နဲ့နိဗ္ဗာန် မတူဘူး. စိတ်က ဖြစ်ရင် ပျက်ဦးမှာဆိုတော့ ဒုက္ခသစ္စာ။
နိဗ္ဗာန်ကဒုက္ခသစ္စာမဟုတ်ဘူး။ အဖြစ်လည်းမရှိဘူး။ အပျက်လည်း မရှိဘူး။ ဘာရှိသလည်း။ နိဗ္ဗာန်ဟာ သန္တိလက္ခဏာရှိတယ်။ ငြိမ်းအေးတဲ့သဘောရှိတယ်။ အရှိတရားကို ပြောနေတာနော်။

အကြောင်းအကျိုး ရုပ်နာမ်တွေမှ မသိတဲ့သူတွေ ဘယ်လိုလုပ် နိဗ္ဗာန်ကို ခန့်မှန်းလို့ ရမလဲ။ ယောဂီတို့ ဝိပဿနာအားထုတ်နေတာတောင်မှ နိဗ္ဗာန်နဲ့ပတ်သက်လာရင် မနက်နဲဘူးလား။ ဝိပဿနာတရားတွေ အားထုတ်၊ ဗုဒ္ဓဘာသာကို ငယ်ငယ်ကလေးကတည်းကဖြစ်လာတာ။ ဝိပဿနာတရားတွေ နေ့တိုင်း နေ့တိုင်း နာနေတာတောင်မှပဲ မှားတယ်။

နိဗ္ဗာန်နဲ့ပတ်သက်ရင် “ဥစ္ဆေဒဒိဋ္ဌိ” အဖြစ်များတယ်။ စုတိ၊ ပဋိသန္ဓေနဲ့ ပတ်သက်ရင် “သဿတဒိဋ္ဌိ” အဖြစ်များတယ်။ ခန္ဓာနဲ့ပတ်သက်ရင် “သက္ကာယဒိဋ္ဌိ” အဖြစ်များတယ်။

နိဗ္ဗာန်ဟာ အနက်ရှိုင်းဆုံးပဲ။ ဘာမှ မဖြစ်တော့ဘူး။ ဘာမျှမရှိတော့ဘူးဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ အဖြစ်များတယ်။ ဘာမျှ မရှိတာတော့ မဟုတ်ဘူး။ နိဗ္ဗာန်က သန္တိသုခအနေနဲ့ ရှိတယ်။

မစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
(လွတ်မြောက်မှုချမ်းသာကိုရှာဖွေခြင်း)
Buddhavasa Tiloka

0 comments:

Post a Comment