Wednesday, October 16, 2013

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးပါက ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေစာရင်း ထုတ်ပြန်သွားမည်

၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးလျှင် ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေစာရင်း ထုတ်ပြန်သွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မကောက်ယူမီ ထုတ်ပြန်ပါက တိကျမှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရန် ခက်ခဲသဖြင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ . . . . .
အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို မေးမြန်းသည့် တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့် ဘာသာနှင့် လူဦးရေကို တွဲ၍ဖော်ပြရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ် ရှိပါက ဗဟုသုတအဖြစ် မှတ်တမ်းတင်ရန် သန်းခေါင်စာရင်း မပြုစုမီ ဖော်ပြနိုင်ရန် ရှိ၊ မရှိ မေးခွန်းကို ဦးဝင်းမြင့်က ပြန်လည်ဖြေကြား ရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမြင့်က "ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မကောက်ယူမီ ထုတ်ပြန်ပါက တိကျမှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရန် ခက်ခဲသဖြင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ ဘာသာအလိုက် လူဦးရေ စာရင်းအား မှန်ကန်တိကျစွာ ထုတ်ပြန်မည် ဖြစ်ပါတယ်" ဟု ပြောကြားသည်။
သန်းခေါင်းစာရင်း မေးခွန်းပုံစံတွင် လူတစ်ဦးချင်းစီအတွက် ကိုးကွယ်သည့် ဘာသာကို မေးမြန်းထားပါသဖြင့် ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို တိုင်းဒေသကြီး ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများနှင့်ခရိုင်၊ မြို့နယ်အဆင့်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment