Thursday, September 5, 2013

နိုင်ငံရေးဆွေးနွေးမှုမှာ ၀ အဖွဲ့ ပါဝင်ဖို့ UNFC လိုလား

ညီညွတ်သောတိုင်းရင်းသား ဖယ်ဒရယ်ရေးရာကောင်စီ
UNFC အဖွဲ့က သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်နေစဉ် (Credit: ABC) 
မြန်မာနိုင်ငံက ​တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ ​နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ​ဖယ်ဒရယ် ​ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ​တွေရေးဆွဲနိုင်ဖို့ ​ကိစ္စတွေမှာ ​၀ ​ပြည်သွေးစည်းညီညွတ်ရေး ​တပ်မတော် ​UWSA ​အဖွဲ့ အနေနဲ့ ​ညီညွတ်သောတိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​အဖွဲ့နဲ့အတူ ​ပူးပေါင်း ပါဝင်ဖို့ အတွက် ​UNFC ​ဥက္ကဌက ​UWSA ​စခန်းကို ​ရောက်ရှိနေတယ်လို့ ​သိရပါတယ်။
UNFC ​ဥက္ကဌ ​အဖြစ်တာဝန်ယူထားတဲ့ ​ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ​KIO ​က ​ဒုတိယ ​ဗိုလ်ချူပ်ကြီး ​အင်ဘန်လ ​ဦးဆောင်တဲ့အဖွဲ့ဟာ ​UWSA ​ပန်ဆန်းဌာနချူပ်ကို ​ရောက်ရှိနေတယ်လို့ ​သိရပါတယ်။
အခုသွားရောက် ​တွေ့ဆုံ့မှုနဲ့ပတ်သက်ပြီး ​UNFC ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ် ဒရယ်ကောင်စီ က ​တွဲဖက် ​အထွေထွေအတွင်းရေးမှူး ​၂ ​ဦးခွန်ဥက္ကာ ​က ​အခုလို ​ပြောပြပါတယ်။
UNFC ​ကကျနော်တို့ဥက္ကဌကိုယ်တိုင်သွားတာပါ။ကျနော်တို့ကဒီနိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲလုပ်ရင် ​UNFC ​ကိုယ်စားလှယ်အဖွဲ့နဲ့ပူးတွဲပြီးတော့တွေ့ဆုံဆွေးနွေးပွဲ ၀င်ဖို့ ဆိုပြီးတော့ကို ​ဖိတ်ထားတာရှိတယ်လေအဲ့ဒီဖိတ်ကြားထားတဲ့ကိစ္စကို ​ထပ်လောင်းပြီးတော့ဖိတ်နိုင်တယ်ဒါတစ်ချက်ပေါ့။ဒုတိယအချက်ကတော့အခု ​ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးမည့်ကိစ္စမှာလည်းကျနော်တို့ကအနည်းဆုံးတော့မိန်းလား၊ကိုးကန့်ကနေပြီးတော့ကိုယ်စားလှယ်တစ်ယောက်လောက်ပေးဖို့ကျနော်တို့ပြောထားတော့အဲ့ဒါကိုလည်းပဲသူတို့ထပ်လောင်းပြီးတော့နိုးဆော်တဲ့သဘောလည်းဖြစ်နိုင်တာပေါ့ဗျား။ကျနော်တော့သိ သလောက်တော့အဲ့သလောက်ပါပဲ။ကျနော်တို့ပြောထားတာကတော့ပူးပေါင်းဆောင်ရွက် ဖို့ပါ ပဲ။အဲ့ဒီနိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲမှာအတူတူဆွေးနွေးကြမယ်၊ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးတဲ့ထဲမှာအတူတူပါကြမယ်အဲ့သလို ​ဖိတ်ခေါ်ထားတာပါပဲ။
UWSA ​အဖွဲ့နဲ့ ​တွေ့ဆုံဆွေးနွေးမှုရလာဒ်ကိုတော့ ​ဒုတိယ ​ဗိုလ်ချူပ်ကြီး ​အင်ဘန်လ ​ခေါင်းဆောင်တဲ့ ​အဖွဲ့ ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့ကို ​ပြန်ရောက်မှပဲ ​အသေးစိတ်သိရှိနိုင်မှာဖြစ်တယ်လို့ ​ဦးခွန်ဥက္ကာက ​ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ​ဇူလိုင်လ ​၃၁ ​ရက်နေ့က ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ ​တိုင်းရင်းသားလူမျိုးများ ​ညီလာခံကနေ ​ဖယ်ဒရယ်ပြည်တောင်စု ​မူအပေါ်အခြေခံပြီး ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေသစ် ​မူကြမ်းရေးဆွဲရေးကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့သလို ​အချက် ​၁၀ ​ချက်ကိုလည်း ​သဘောတူ ​ဆုံးဖြတ်ထားခဲ့ကြတယ်လို့ ​သိရပါတယ်။
တဆက်တည်းမှာပဲ ​UNFC  ​အဖွဲ့အနေနဲ့ ​အခုလ ​စက်တင်ဘာ ​၈ ​ရက်နေ့မှာ ​ပြည်တောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီ ​ဒု ​ဥက္ကဌ ​၀န်ကြီး ​ဦးအောင်မင်း ​ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​ပထမဆုံးအကြိမ် ​နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ​ရှိနေကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ ​ထားပါတယ်။

ABC Radio Australia

0 comments:

Post a Comment