Thursday, September 5, 2013

တရုတ်မြစ်ထဲ ငါးများသေဆုံး

a photo of the dead fish in the Brisbane River
အဆိပ်သင့် ငါးတကောင် (Credit: ABC Licensed) 
တရုတ်နိုင်ငံမှာ ​လူလုပ်တဲ့သဘာဝဘေးဒဏ် ​တချို့ ​ထပ်မံ ​ဖြစ်ပွားမှုကြောင့် ​သားငါး ​တိရိစ္ဆာန်များ ​အမြား အပြား ​သေဆုံးခဲ့ရပါတယ်။
တရုတ်နိုင်ငံ ​မြစ်ချောင်းတခုထဲမှာ ​ကီလိုဂရမ် ​တစ်သောင်းလောက် ​အလေးချိန်ရှိတဲ့ ​အဆိပ်သင့် ​ငါးတွေကို ​မြစ်ထဲကနေ ​ဆယ်ထုတ် ​ရှင်းလင်းခဲ့ပြီး ​ပြီလို့ ​ဒေသခံ ​အာဏာပိုင် ​တွေက ​ပြောပါတယ်။
အခုတပတ် ​အစောပိုင်းမှာ ​တရုတ်နိုင်ငံ ​ဟူဘေး ​ပြည်နယ်က ​အမိုးနီးယား ​ဓာတ်ငွေ့ ​ထုတ်လုပ် တဲ့ ​နေရာနဲ့ နီးတဲ့ ​မြစ်ချောင်း ​တခုထဲမှာ ​အမိုးနီးယား ​ဓာတ်ငွေ့တွေ ​ယိုစိမ့် ​၀င်ခဲ့ ​တာကြောင့် ​မြစ်ထဲမှာ ​ရှိတဲ့ ​ငါးတွေ ​သေဆုံး ခဲ့တာ ​ဖြစ်ပါတယ်။
ဒီနှစ် ​အစောပိုင်းကလည်း ​တရုတ်နိုင်ငံ ​ရှန်ဟိုင်းမြို့မှာရှိတဲ့ ​မြစ်ထဲမှာ ​၀က်သေကောင်ပေါင်း ​တစ်သောင်းခြောက်ထောင်ကျော်ကို ​တွေ့ရှိခဲ့ပြီး ​သက်ဆိုင်ရာတာဝန်ရှိသူတွေက ​ဆယ်ထုတ် ​ရှင်းလင်း ခဲ့ရတယ်လို့ ​သိရပါတယ်။

0 comments:

Post a Comment