Thursday, September 5, 2013

မလေးရှားက မြန်မာတွေကို ဟုတ်မှန်ကြောင်း စိစစ်ပြီးမှ အစိုးရပြန်ခေါ်မယ်

malaysia, myanmar
မလေးရှားနိုင်ငံက ​တရားမ၀င်နေထိုင် ​အလုပ်လုပ်ကိုင်နေသူများကို ​စီမံချက်နဲ့ ​ဖမ်းဆီးထားတဲ့ ​အယောက် ​၂၄၀၀ ​ထဲက ​၅၅၅ ​ယောက်ဟာ ​မြန်မာ ​နိုင်ငံက ​ဖြစ်တာကို ​တွေ့ရှိခဲ့တဲ့အတွက် ​မြန်မာသံရုံးက ​စိစစ်နေပြီး ​ မြန်မာနိုင်ငံသား ​မှန်ကန်တယ်ဆိုရင် ​မြန်မာနိုင်ငံကို ​ပြန်ခေါ်ဖို့ ​ဆောင်ရွက် သွားမှာဖြစ်တယ် ဆိုတဲ့ ​အကြောင်း ​ပြန်ကြားရေး ​ဒုဝန်ကြီး ​ဦး ​ရဲထွဌ် ​ရဲ့ ​ Facebook ​စာမျက်နှာမှာ ​ဖေါ် ​ပြထားပါတယ်။
အဲဒီ ​ထိန်းသိမ်းထားတဲ့အထဲက ​ မြန်မာနိုင်ငံ ​၅၅၅ ​အင်ဒိုနီးရှားနိုင်ငံသား ​၇၁၇ ​ယောက်ဘင်္ဂလားဒေ့ရှ်နိုင်င ​၃၈၇ ​ယောက်၊ ​နီပေါနိုင်ငံ ​က ​၂၂၉ ​ယောက် ​နဲ့ ​ကျန် ​တဲ့ ​လူတွေက ​ထိုင်း၊ ​ကမ္ဘောဒီးယား၊ ​ဗီယက်နမ်၊ ​အိန္ဒိယ၊ ​ပါကစ္စတန်၊ ​ဖိလစ်ပိုင်၊ ​တရုတ်၊ ​နိုင်ဂျီးရီးယားနိုင်ငံ ​ကဖြစ် ​ကြတယ်လို့ ​ပါရှိ ​ပါတယ်။
မြန်မာနိုင်ငံက ​အဖမ်းခံရတဲ့အထဲက ​အများစုဟာ ​ချင်း ​တိုင်းရင်းသားတွေ ​ဖြစ်ကြတယ်လို့ ​လဲ ​သိ ​ရ ​ပါ တယ်။ ​အခုလို ​တရားမဝင် ​အလုပ်လုပ်ကိုင်နေသူတွေ ​မလေးရှားမှာ ​၇ ​သိန်းလောက် ​ရောက် ​ရှိ ​နေ ​တဲ့ ​အတွက် ၊ ​၃လ ​ကြာ ​စီမံကိန်း ​နဲ့ ​အယောက် ​၅သိန်းကို ​ဖမ်းစီး ​ပြန်ပို့မှာဖြစ်တယ်လို့ ​သိ ​ရ ​ပါတယ်။

ABC Radio Australia

0 comments:

Post a Comment