ဆီးဂိမ်းတွင် ဟိုတယ်နှင့်စားသောက်ဆိုင်များ ဝိုင်ဖိုင်အင်တာနက်ထား ရှိဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးမည်ဟု Red Link ကုမ္ပဏီမှသိရသည်။
”နိုင်ငံခြားဧည့်တွေအတွက် သတင်းအချက် အလက် ပေးပို့နိုင်ေ အာင် ဆောင် ရွက်ပေးတာပါ။ ဝိုင်ဖိုင်ထားချင်တဲ့ ဟိုတယ်ပဲဖြစ်ဖြစ်၊ စားသောက် ဆိုင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက် ခွင့်ပေးသွားမှာပါ”ဟု Red Link ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ကိုမျိုးမြင့်ညွန့်က ပြောသည်။
ဝိုင်ဖိုင်စနစ် ဆောင်ရွက်ပေးရာတွင် ကုမ္ပဏီမှအစအဆုံး စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး အင်တာနက်လိုင်း ဝယ်ယူစရာမလိုကြောင်း ၎င်းက ပြောသည်။”ေငြေၾကးေ ကာက္ခံမႈကေတာ့ ရွိမွာ ပါ။ အဓိကတော့ ကိုယ့်နိုင်ငံကိုလာမယ့် နိုင်ငံခြားသားတွေသွားလာ စားသောက်တည်းခို မယ့်နေ ရာတွေ မှာ အင်တာနက်အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး စီစဉ်တာပါ”ဟု ၎င်းက ဆက်ပြောသည်။
အင်တာနက်မြန်နှုန်းဆောင်ရွက်ပေးရာတွင် မြန်မာ့ဆက်သွယ်ရေးမှ ဆီးဂိမ်းသီးသန့်ထားရှိမည့် Bandwidth မှ ဝိုင်ဖိုင်ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ြေ ပာသည်။Wimax အင်တာနက် စနစ်အား ဝန်ဆောင်မှုပေးနေသည့် Red Link ကုမ္ပဏီသည် အိမ်ရှင်အဖြစ်ကျင်းပ မည့်ဆီးဂိမ်းပြိုင်ပွဲတွင် ရန်ကု န်နှ င့် ငွေ ဆောင် ရှိ အားကစားကွင်းများ၌ ကျင်းပသည့်ပွဲများအား ဝိုင်ဖိုင်ထုတ်လွှင့်ခွင့်ရရှိသည့်ကုမ္ပဏီဖြစ်ပြီး ရန်ကုန်တွင် ၅ နေရာ ဝိုင်ဖိုင်ထုတ်လွှင့်ပေး မည် ဖြစ်ကြောင်း၊ ဝိုင်ဖိုင်ထုတ်လွှင့်မှုကို နိုဝင်ဘာတွင် စတင်သွားမည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီမှ သိရသည်။
The Webshop
0 comments:
Post a Comment