မြန်မာနိုင်ငံ တွင်းထွက်သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ် လုပ်ရေး၊ ပွင့် လင်းမြင်
အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးက အမှာစကားပြော ကြားပြီး ရေနံသဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများ ပေါကြွယ်ဝသော နိုင်ငံများတွင် သဘာဝအရင်း အမြစ် များကို တူးဖော်ခြင်းသည် ဝင်ငွေကောင်းရရှိကာ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့်အပြင် ဆင်းရဲနွမ်းပါးမှုကိုလည်း လျော့ကျစေနိုင်သည်။ EITI (သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာရေး)သည် တူးဖော်ထုတ်လုပ်ရေးကဏ္ဍတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို တိုးတက်ကောင်းမွန်စေခြင်းများ ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံသည်လည်း သဘာဝသယံ ဇာတ ပေါကြွယ် ဝသော နိုင်ငံဖြစ်၍ ပြည်ထောင်စုဝန်ကြီး ငါးဦးဖြင့် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး၊ စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းထား ရှိပြီး အစိုးရ သာမက အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များပါ အခွန်ငွေ ဆိုင်ရာတို့ကို ပွင့်လင်းမြင်သာမှု ရှိစေရန် ကုမ္ပဏီများ၏ဝင်ငွေ အပေါ်မူတည်၍ ဝင်ငွေအချိုးအလိုက် ပေးဆောင်မှု အခြေအနေ များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန်ရုံးမှ ဒေါ်ကေသီက ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ EITI option study မှ တွေ့ရှိချက်များကို နိုင်ငံတကာကျွမ်းကျင် ပညာရှင် Dr. Jeremy Weate က EITI ဖော်ဆောင်ဖွဲ့မှုတွင် မိမိဘက်မှရှိနေသော အဟန့် အတား များ၊ ၎င်းအဟန့်အတားများကို ကျော်လွှားနိုင်မည့် အခွင့်အလမ်းများ၊ MSG ဖွဲ့စည်းရေးအတွက် အကြံပြုလိုသောအချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များက သိလိုသည့် အချက်များကို မေးမြန်းကြရာ EITI option study မှ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် Dr. Jeremy Weate နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန်ရုံးမှ ဒေါ်ကေသီတို့က ရှင်းလင်းဖြေကြားကာ တက်ရောက်လာကြသူ များကလည်း အစုအဖွဲ့ဖွဲ့ ၍ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
မြ၀တီ
0 comments:
Post a Comment