Monday, September 9, 2013

နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်အခြေစိုက် DENSO ကော်ပိုရေးရှင်းက မြန်မာနိုင် ငံတွင် လာရောက် လုပ်ကိုင်မည်

Photo: နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်အခြေစိုက် DENSO ကော်ပိုရေးရှင်းက မြန်မာနိုင် ငံတွင် လာရောက် လုပ်ကိုင်မည်
Monday, September 9, 2013

ပြည်ပနိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ် လုပ်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် DENSO ကော် ပိုရေးရှင်းမှ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်ရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ ခွင့်ပြုချက်ရရှိရန် တင်ပြထားရာ MIC အနေဖြင့် စက်တင်ဘာ ၄ ရက်တွင် လုပ်ကိုင်ခွင့် ပြန်လည် ချထားပေးခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းလာရောက် လုပ်ကိုင်ရာတွင် DENSO ကုမ္ပဏီ အုပ်စုဝင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ရှယ်ယာ ၈၃ ရာခိုင်နှုန်းကျော် ပါဝင်သည့် ASMO ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်တွင် လက်ခစား စနစ်ဖြင့် မော်တော်ကား အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းကို ASMO Myanmar ကုမ္ပဏီအ မည်ဖြင့် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်အခြေစိုက် DENSO ကုမ္ပဏီအုပ်စု အနေဖြင့် အမေရိကန်၊ ကနေဒါ၊ ဘရာဇီး၊ ဂျာမနီ၊ ကိုရီးယား၊ သြစတြေးလျနှင့် ဥရောပနှင့် အာရှနိုင်ငံများတွင် ကုမ္ပဏီများ ဖွင့်လှစ်၍ ကားအစိတ်အပိုင်း တပ်ဆင် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ရောင်းချမှုမှရငွေ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၃၈ ဘီလျံ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် သြဂုတ်လ အတွင်း၌ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို မလေးရှားနိုင်ငံ အခြေစိုက် APM Automotive Indochina Ltd အား ပဲခူးတိုင်း ဒေသကြီးတွင် လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

ဥရောပနိုင်ငံရှိ DENSO ကုမ္ပဏီလုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-denso-europe.com)
Eleven Media Group
ပြည်ပနိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ် လုပ်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် DENSO ကော် ပိုရေးရှင်းမှ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်ရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ ခွင့်ပြု ချက်ရရှိရန် တင်ပြထားရာ MIC အနေဖြင့် စက်တင်ဘာ ၄ ရက်တွင် လုပ်ကိုင်ခွင့် ပြန်လည် ချထားပေး ခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းလာရောက် လုပ်ကိုင်ရာတွင် DENSO ကုမ္ပဏီ အုပ်စုဝင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ရှယ်ယာ ၈၃ ရာခိုင်နှုန်းကျော် ပါဝင်သည့် ASMO ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်တွင် လက်ခစား စနစ်ဖြင့် မော်တော်ကား အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းကို ASMO Myanmar ကုမ္ပဏီအ မည်ဖြင့် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်အခြေစိုက် DENSO ကုမ္ပဏီအုပ်စု အနေဖြင့် အမေရိကန်၊ ကနေဒါ၊ ဘရာဇီး၊ ဂျာမနီ၊ ကိုရီးယား၊ သြစတြေးလျနှင့် ဥရောပနှင့် အာရှနိုင်ငံများတွင် ကုမ္ပဏီများ ဖွင့်လှစ်၍ ကားအစိတ်အပိုင်း တပ်ဆင် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ရောင်းချမှုမှရငွေ စုစုပေါင်း မှာ အမေရိကန် ဒေါ်လာ ၃၈ ဘီလျံ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် သြဂုတ်လ အတွင်း၌ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုဖြင့် လုပ်ကိုင်မည့် မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို မလေးရှားနိုင်ငံ အခြေစိုက် APM Automotive Indochina Ltd အား ပဲခူးတိုင်း ဒေသကြီးတွင် လုပ်ကိုင်ခွင့် ချထားပေး ခဲ့ကြောင်း သိရသည်။


Eleven Media Group

0 comments:

Post a Comment