Tuesday, September 10, 2013

ပြည်သူ့ရင်ပြင်အတွင်း ပြဿနာတစ်စုံတစ်ရာ မဖြစ်ပွားစေရေး CCTV ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး နေ့ဆိုင်း ညဆိုင်း လုံခြုံရေးများ ချထား

ရန်ကုန်မြို့ရှိ အများပြည်သူ လေ့လာအပန်းဖြေရာ ပြည်သူ့ရင်ပြင် အတွင်း၌ ပြဿနာ တစ်စုံတစ်ရာ မဖြစ် ပွားစေရေးအတွက် CCTV ကင်မရာ ၂၈ လုံး တပ်ဆင်ထားပြီး နေ့ဆိုင်း၊ညဆိုင်း လုံခြုံရေး များ ချထားကာ အများပြည်သူ တို့ဘေးအန္တရာယ်ကင်းစွာ အပန်းဖြေနိုင် ရန် ဆောင်ရွက်ထား ရှိကြောင်း မြေနေရာ ၇ဝ ရာခိုင်နှုန်း ကို နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့် ရရှိထားသည့် သဘာဝကမ္ဘာ (Natural World) ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဥယျာဉ်နှင့်ပတ်သက်၍ မကြာသေးမီက Facebook၊ အင်တာနက် စာမျက်နှာများ၌ ထွက်ပေါ် ခဲ့သော သတင်းများမှာ ကောလာဟလ သာ ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ မိမိတို့ ကုမ္ပဏီအနေဖြင့် ၇ဝ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းကြောင့် ထင်ယောင်ထင်မှား ဖြစ်စေခဲ့ခြ င်းဖြစ်ကြောင်း သိရသည်။ ''အပန်းဖြေ ဥယျာဉ်ဆိုတော့ လူပေါင်းစုံ လာကြတာပါပဲ။ မတော် တဆ ပြဿနာမျိုးတွေလည်း ရှိတတ်တယ်။ ဒါတွေကို အချိန်မီ ထိန်းသိမ်း ဖြေရှင်း နိုင်ခဲ့ ပါတယ်။ လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်နေတာမို့ ထွက်လာတဲ့ သတင်းတွေက အမှားတွေပါ'' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

သဘာဝကမ္ဘာ ကုမ္ပဏီ (NaturalWorld)တွင် ဝန်ထမ်းအင်အား ၃ဝဝခန့် ရှိပြီး ပြည်သူ့ဥယျာဉ်အတွင်း လာရောက် အပန်းဖြေကြသော အများပြည် သူများကို ဝန်ဆောင်မှု ပေးလျက်ရှိနေကြောင်း၊ အဆိုပါ ဥယျာဉ်အတွင်း လာရောက် အပန်းဖြေသူဦးရေ တစ်ပတ် လျှင် လေးသောင်းနီးပါး ရှိကြောင်း၊ ဥယျာဉ်အတွင်း အရက်သေစာ ရောင်းချခွင့် လိုင်စင်များ ချထားပေးခြင်း လုံးဝ မရှိကြောင်း သိရသည်။

ပြည်သူ့ရင်ပြင် အပန်းဖြေဥယျာဉ်ကို မြေနေရာနှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရထားသော ကုမ္ပဏီ လေးခု ရှိကြောင်း၊ ၎င်းတို့မှာ သဘာဝကမ္ဘာ ကုမ္ပဏီ (NaturalWorld)၊ ရေလွှာကြီး၊ Happy Zone နှင့် ယမုံနာ စားသောက်ဆိုင် တို့ဖြစ်ကြောင်း သိရသည်။
မြ၀တီ

0 comments:

Post a Comment