Monday, September 9, 2013

အမေရိကန် ရေတပ်က အကြီးစား မောင်းသူမဲ့ လေယာဉ်များ လုပ်ငန်းတာဝန် ပိုမိုထမ်းဆောင် နိုင်ရန် အဆင့်မြှင့်တင်

ဝါရှင်တန် စက်တင်ဘာ ၇
အမေရိကန် ရေတပ်၏ အကြီးစား မောင်းသူမဲ့ ကင်းထောက် လေယာဉ်အုပ်သည် လုပ်ငန်း တာဝန်များ ပိုမို တိုးမြှင့် ထမ်းဆောင်လျက် ရှိကြောင်း စက်တင်ဘာ ၆ ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ကြေ ညာ ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အမေရိကန် နိုင်ငံရှိ Northrop Gru-mman လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီသည် အမေရိကန် ရေတပ်၏ ပင်လယ်ရေကြောင်း ရှာဖွေ ထောက်လှမ်းရေး သရုပ်ပြလေယာဉ် (BAMS-D) ဟုလူသိများသော Global Hawks အုပ်စုဝင် RQ-4A အမျိုးအစား လေယာဉ် နှစ်စင်းကို စစ်ဆင်ရေး ဆိုင်ရာ ကိစ္စရပ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အဆင့်မြှင့်တင် သွားရန်အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိ ကန်ထရိုက် တစ်ရပ်ကို လက်ခံ ရရှိခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာနက ပြောကြား ခဲ့သည်။
အဆိုပါ   ကန်ထရိုက် စာချုပ်အရ ၂၀၁၄ ခုနှစ် မေလတွင် အပြီးဆောင်ရွက် ပေးရမည် ဖြစ်ပြီး ထိုသို့ အဆင့် မြှင့်တင်ခြင်းဖြင့် BAMS-D မောင်းသူမဲ့ လေယာဉ်များသည် ကိုးလကြာ မစ်ရှင် ထမ်းဆောင် နိုင်ရာမှ ၁၅ လကြာအထိ တိုးမြှင့်ထမ်းဆောင် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် ရေတပ် အနေဖြင့် အဆိုပါ BAMS-D မောင်း သူမဲ့ လေယာဉ်များကို   လေ့ကျင့်မှုနှင့် စမ်းသပ်မှု လုပ်ငန်းများတွင် အထောက်အကူ ပေးရေးနှင့် ပင်လယ်ပြင် အခြေစိုက် တပ်ဖွဲ့များ တပ်ဖြန့် ချထားမှု အတွက် ထောက်လှမ်းရေး သတင်း အချက် အလက်များ စုဆောင်းရန် ၂၀၀၉ ခုနှစ် ကတည်းက စတင်ပျံ သန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်များသည် အမြင့်ပျံ လေယာဉ် အမျိုးအစား ဖြစ်ပြီး တောင်ပံအလျား ၁၁၆ ပေ ရှိကာ လေထဲတွင် နာရီပေါင်း ၃၀ ကျော်ကြာအောင် ပျံသန်းနိုင်ကြောင်း သိရသည်။ အမေရိကန် ရေတပ်သည် Global Hawks အုပ်စုဝင် MQ-4C Triton အမျိုး အစား မောင်း သူမဲ့ လေယာဉ်ကိုလည်း အဆင့် မြှင့်တင်လျက် ရှိပြီး အဆိုပါ လေယာဉ် ၆၈ စင်းကို ၀ယ်ယူရန် အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။

Myawady

0 comments:

Post a Comment