
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၅ရက်တွင် ဘန်းယဉ်မြို့နယ် အတွင်း လှည့်ကင်းတာဝန်ထမ်းဆောင်စဉ် အစိုင်း(ခ)စိုင်းစိုင်း၊ အားစီ(ခ) သက်မြင့်ထွန်းတို့အား ဟိုင်းလတ်
အဆိုပါ တရားခံ နှစ်ဦးတို့အား သက်သေခံ ယာဉ်နှစ်စီး နှင့်အတူ စက်တင် ဘာ ၁ဝရက် နံနက်ပိုင်းက ဆီဆိုင်မြို့မှ တောင်ကြီး မြို့ရှိ နယ်မြေခံရဲစခန်းသို့ ပြောင်းရွှေ့ထိန်းသိမ်းထားရှိပြီး ယာဉ်/ စက်ပြင် ကျွမ်းကျင်သူများဖြင့် မော်တော်ယာဉ်နှစ်စီးအား အသေးစိတ်စစ်ဆေး ရှာဖွေရာ ဟိုင်းလတ်ဖိုးဝှီး ခဲရောင်ယာဉ်အတွင်း ယာဉ်မောင်းထိုင်ခုံ၏ အနောက်ဘက်အခန်း ဘယ်/ညာ ဘက်ဆိုဒ် ကာဘာနှင့် ဘော်ဒီ အကြားများနှင့် ဂီယာတံ အဖုံးအောက်မှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူး သွပ်ဆေးပြား တစ်ထုတ်လျှင် ၉၈ဝဝပြားပါ အထုပ် ရှစ်ထုပ် စုစုပေါင်း ၇၈၄ဝဝပြား၊ တန်ဖိုးငွေ ၃၁၃၆ သိန်း အား ထိပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိသည်။
မြ၀တီ
0 comments:
Post a Comment