Thursday, June 13, 2013

ရော်နယ်ဒို၏ သွင်းဂိုးဖြင့် ခရိုအေးရှားအား ပေါ်တူဂီ အနိုင်ရ

ပေါ်တူဂီ အသင်းသည် ဇွန် ၁ဝ ရက်က ခရိုအေးရှားနှင့် ကစားခဲ့သော ချစ်ကြည်ရေး ပွဲစဉ်တွင် ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် ပေါ်တူဂီ မန်နေဂျာ ပေါလိုဘန်တိုသည် အသင်း၏ နောက်တန်း၊ ကွင်းလယ်နှင့် တိုက်စစ် နေရာများအား အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး အသက် ၁၆ နှစ်ရှိ ဟာလီလိုဗစ်အား   ၎င်းပွဲစဉ်တွင် ပွဲဦးထွက် ပွဲစဉ်အဖြစ်  ပါဝင်ကစားခဲ့ကြောင်း သိရသည်။

ပေါ်တူဂီအသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုမူ ခရစ္စတီးယာနို ရော်နယ်ဒို က  ပထမပိုင်း ပွဲပြီးခါနီး ကိုးမိနစ်အလိုတွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိုးသည် ယင်းပွဲစဉ်အတွက် ရော်နယ်ဒို၏ အဓိပ္ပာယ် ပြည့်ဝသော နောက်ဆုံးဂိုး ဖြစ်ပြီး ပွဲချိန် ဒုတိယပိုင်းတွင် ၎င်းနေရာ၌  လူစားထိုး ကစားစေခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment