၁၃.၉.၂၀၁၃ရက်နေ့
၂၃၅၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
လှည့်ကင်းဆောင် ရွက်စဉ် တိုက်ကြီးမြို့၊ ဗောဓိကုန်းရပ်ကွက်၊
မြို့နယ်သမ၀ါယမရုံးအနီး ရန်ကုန်-ပြည် ကားလမ်းပေါ် တွင် စက်ဘီး (၁)
စီးနှင့်ခိုးယူလာကြောင်း မသင်္ကာဖွယ်ရာတွေ့ရှိသူ မင်းမင်း(ခ) မင်းမင်းဦး၊
(ဘ) ဦးမြင့်စိုး၊ တိုက်ကြီးမြို့ နယ်နေသူအား တိုက်ကြီးမြို့မရဲစခန်း(ပ)
၂၆၈/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာ
မင်းမင်း(ခ)မင်းမင်းဦးသည် ၂၁၃၀ အချိန်ခန့်က သမ၀ါယမရုံးဝင်းတွင်
ညစောင့်ဖြစ်သူ ဦးခင်မောင်ဦး၊ (ဘ)ဦးခင်၊ တိုက်ကြီးမြို့နယ်နေသူနှင့်
အရက်မူးစကားများရာမှ ဦးခင်မောင်ဦး၏ ဦးခေါင်းအား တမံတလင်းကြမ်းပြင်ဖြင့်
ဆွဲဆောင့်ထားခဲ့ကြောင်း သိရှိရသဖြင့် စခန်းမှူးနှင့်အဖွဲ့မှ မြို့နယ်သမ
ဝါယမရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဦးခင်မောင်ဦးသည်
ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ယာပခုံး ဖူးယောင်၊
နှာခေါင်းနှင့်ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် သေ ဆုံးနေသည်ကို တွေ့ရှိရသဖြင့်
မင်းမင်း(ခ) မင်းမင်းဦး အား တိုက်ကြီးမြို့မရဲစခန်း(ပ)၂၆၉/၂၀၁၃၊ ပုဒ်မ၃၀၂
ဖြင့်ထပ်မံ အမှုဖွင့်အရေးယူဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
0 comments:
Post a Comment