Tuesday, September 10, 2013

ဆီးရီးယားကို အရေးယူတိုက်ခိုက်ရန် အာရပ်ဝန်ကြီးများ သဘောတူ

ဆီးရီးယားက ဓာတုလက်နက်များအသုံးပြုခဲ့ခြင်းမှာ “ကမ္ဘာ့သတိပေးစည်း (global red line)” ကို ဖြတ် ကျော်လိုက်ခြင်းဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံပါရီ (Paris) မြို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲများ၌ အာရပ်အဖွဲ့ချုပ်မှ ၀န်ကြီးများက သဘောတူခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က ပြောခဲ့သည်ဟု စက်တင်ဘာ ၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ဂျီ-၂၀ အဖွဲ့ဝင် နိုင်ငံများအနက်မှ ၁၂ နိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် ကြေညာချက်ကို အာရပ်နိုင်ငံတချို့ကလည်း သဘောတူလက်မှတ်ရေးထိုးရန် ဆန္ဒရှိနေကြကြောင်း ဂျွန်ကယ်ရီ ကပြော ခဲ့သည်။ ထိုကြေညာချက်မှာ၊ ဆီးရီးယား အစိုးရကကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားကြသည့် ဓာတုလက်နက် အသုံးပြုတိုက်ခိုက်မှုအပေါ် တုံ့ပြန်အရေးယူရန် တောင်းဆိုထားသည့်ကြေညာချက်ဖြစ်ပြီး၊ အာရပ်နိုင်ငံ တချို့ အနေဖြင့် ထိုကြေညာချက်ကို ထောက်ခံကြောင်း နောက်ထပ် ၂၄ နာရီအတွင်း ထုတ်ပြန်မှုများ ပြု လုပ်ကြလိမ့်မည်ဟုဆိုသည်။

“အာဆတ်ရဲ့ ဆိုးရွားလှတဲ့၊ ဓာတုဗေဒလက်နက်သုံး တိုက်ခိုက်မှုဟာ နိုင်ငံတကာသတိပေး စည်းကို ဖြတ်ကျော်လိုက်တာပဲ ဆိုတာကို ကျွန်တော်တို့အားလုံး သဘောတူကြပါတယ်။ တစ်နိုင်ငံမှ မဆန့်ကျင် ကြပါဘူး” ဟု အစည်းအဝေးတစ်ခုအပြီးတွင် ဂျွန်ကယ်ရီက သတင်းထောက် များအား ပြော ကြားခဲ့သည်။

“ဖြစ်နိုင်ပြီး လိုအပ်ချက်နဲ့ကိုက်ညီမယ့်၊ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေအကြောင်းကို ဒီနေ့ ဆွေးနွေးခဲ့ပါတယ်” ဟု သူကဆိုသည်။
“ဂျီ-၂၀ ရဲ့ သဘောတူညီချက်ကို အချို့နိုင်ငံတွေကချက်ချင်းသဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်” ဟု ဂျွန်ကယ်ရီကဆိုခဲ့ပြီး၊ ထိုကဲ့သို့ လက်မှတ်ရေးထိုးခဲ့ကြသည့် နိုင်ငံများ ထဲတွင် ဆော်ဒီ အာရေ ဘီးယား နိုင်ငံလည်းပါဝင်ကြောင်း ဂျွန်ကယ်ရီက ပြောခဲ့သည်။

“တခြားနိုင်ငံတွေရဲ့ အမည်ကိုတော့ ကျွန်တော်အခုမပြောတော့ပါဘူး။ ဘာလို့လဲဆိုတော့၊ အဲဒီနိုင်ငံက ကိုယ်စားလှယ်တွေ သူတို့နိုင်ငံကို ပြန်သွားတဲ့အခါကျမှ ၂၄ နာရီအတွင်း အဲဒီနိုင်ငံတွေ ကိုယ်တိုင်ကြေ ညာချက်ထုတ်ပြန်ကြမှာ ဖြစ်တယ်လို့ ကျွန်တော်တို့ အစည်းအဝေးမှာ သဘောတူခဲ့လို့ပါ” ဟု ကယ်ရီက ပြောခဲ့သည်။

“နောက်ထပ် ၂၄ နာရီအတွင်းမှာ ဆုံးဖြတ်ချက်တွေချရမှာ ဖြစ်တယ်ဆိုတာကို အားလုံးကိုယ်စီကိုယ်ငှ နားလည်ခဲ့ကြပါတယ်” ဟု သူက ပြောသည်။
ဂျွန်ကယ်ရီသည် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး aud al-Faisal နှင့်လည်း တွေ့ဆုံခဲ့ သည်။ ဆော်ဒီနိုင်ငံခြား ရေးဝန်ကြီးက ဆော်ဒီအနေဖြင့် ဆီးရီးယားအားစစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ထောက်ခံ ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

“တိုက်ခိုက်မယ့်အစီအစဉ်ကို သူတို့ကထောက်ခံထားပါတယ်” ဟု ကယ်ရီကဆိုသည်။ ကာတာ နိုင်ငံခြား ရေးဝန်ကြီး Khaled al-Attiyah ကလည်း၊ ဘက်ရှာအယ်လ်အာ ဆတ်ခေါင်းဆောင်သည့် ဆီးရီးယား အစိုးရက သြဂုတ် ၂၁ တွင် ဓာတုဗေဒလက်နက်အသုံးပြုကာ တိုက်ခိုက်ခဲ့သည်ဆိုခြင်းမှာ အာဆတ် အစိုးရအနေဖြင့် သမားရိုးကျ
စစ်ပွဲအသွင်မှ “အဖျက်စွမ်းအား အလွန်ကြီးမားသောလက်နက်များ အသုံးပြု သည့်” စစ်ပွဲအသွင်သို့ ကူးပြောင်းရန် ဆောင်ရွက်ခြင်းတစ်ခုသဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Mizzima

0 comments:

Post a Comment