
တရုတ်နိုင်ငံ AVIC ရဟတ်ယာဉ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့သည် လက်ရှိ အသုံးပြုနေသော ရဟတ်ယာဉ် များထက် မြန်နှုန်း နှစ် ဆဖြင့် မောင်းနှင်နိုင်စွမ်းရှိသည့် ရဟတ်ယာဉ်များ ထုတ်လုပ်လျက်
မြန်နှုန်းမြင့် ရဟတ်ယာဉ်များ ထုတ်လုပ်မှုနှင့် သုတေသနပြုမှုတို့ အတွက် အခြားသော နိုင်ငံများနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ AVIC မှ ထုတ်လုပ်သော ရဟတ် ယာဉ်များ အနက် Blue Whale ဝန်ချီ ရဟတ်ယာဉ်သည် တန်ချိန် ၃ဝ အထိ ဝန်တင်ဆောင်လျက် တန်ချိန် ၆ဝ အထိ ချိတ်ဆွဲလျက် အနေအထားဖြင့် တစ်နာရီလျှင် ၇ဝဝ ကီလိုမီတာ (၄၃၇ မိုင်) ကျော်နှုန်းအထိ မောင်းနှင် ပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
¤င်းရဟတ်ယာဉ်သည် မြေအနေ အထားကျပ်တည်းရှုပ်ထွေးသည့်နေရာ များတွင်ပင် ဒေါင်လိုက် တက် ဆင်းပျံသန်း နိုင်ပြီး သဘာဝဘေးအန္တရာယ် ကယ် ဆယ်ရေးလုပ်ငန်းများတွင် ထောက်ပံ့ ရေးပစ္စည်းများ သယ်ယူ ပို့ဆောင်ရေးအတွက် အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းအပြင် စစ်မြေပြင် စောင့်ကြည့် ထောက် လှမ်းခြင်း၊ ကင်းလှည့်ခြင်းနှင့် မြေပြင်အနီးကပ် ပစ်ကူပေးခြင်း စသည့် စစ်ဘက်တာဝန်များလည်း ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment