![]() |
| ရန်မျိုးအောင်၊ အိနီတာကို Crystal Diamond Livestock ကုမ္ပဏီမှ ကြက်ပေါက် ထုတ်လုပ်မှုနှင့် ပတ်သက်၍ပြသနေသည်ကိုတွေ့ ရစဉ် |
မြန်မာနိုင်ငံအပါအ၀င် အာရှ၊ ဥရောပမှ နိုင်ငံပေါင်း ၁၄ နိုင်ငံ လာရောက်ပြသသော အပြည်ပြည်
ဆိုင်ရာ မွေးမြူရေးနှင့်ရေလုပ်ငန်း ဆိုင်ရာပြပွဲကို ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမတွင် စတင်ပြ သလျက်ရှိကြောင်း သိရသည်။ ပြပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ သုံးရက်ကြာပြသ မည်ဖြစ်ပြီး မွေးမြူ ရေးနှင့်ရေလုပ်ငန်း ဆိုင်ရာများကို လေ့ လာလို သူများအနေဖြင့် အဆိုပါပြပွဲတွင် ပြသထားသော မွေးမြူရေးလုပ်ငန်း သုံးဆေးဝါးများ၊ တိရစ္ဆာန်အစာများနှင့် ခေတ်မီရေလုပ်ငန်းသုံး ပစ္စည်းများကို လာရောက်၍ လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။
ပြပွဲတွင် မွေးမြူရေးနှင့်ရေလုပ်ငန်းသုံး ပစ္စည်းများအပြင် တိရစ္ဆာန်ကျန်း မာရေးစောင့် ရှောက်မှုများ၊ မွေးမြူရေးဆိုင်ရာ အစာအာပာာရနည်းစနစ်များနှင့် ၄င်းတို့နှင့်ဆက်စပ် သောငွေကြေး စီမံခန့်ခွဲမှု များကိုပါ နိုင်ငံတကာမှပညာရှင်များမှ ပြပွဲကာလ ၃ ရက်အ တွင်း ပောာပြောပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
''ဒီလို နိုင်ငံပေါင်းစုံပါဝင်တဲ့ ပြပွဲလုပ် ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ် နှံလိုတဲ့ လုပ်ငန်းရှင်တွေပေါ် လာနိုင်ပြီး ဈေးကွက်သစ်တွေလည်း ရလာနိုင်ပါတယ်။ ဒီနှစ် ပိုင်း ခြောက်လ အတွင်းမှာ လာရောက်ရင်းနှီး မြှုပ်နှံငွေက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိတယ်လို့ သိရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့်လာမည့် ငါးနှစ်အတွင်း မြန်မာ နိုင်ငံ အနေနဲ့ ပြောင်းလဲ တိုးတက်မှုတွေ အများကြီးရှိလာမယ်လို့ကျွန်မထင်ပါ တယ်''ပာု ပြပွဲဖြစ်မြောက်ရန် နိုင်ငံတကာနှင့် ချိတ်ဆက် ပေးသော ဘန်ကောက်အခြေစိုက် Vnu Ex- hibitions Asia Pacific ကုမ္ပဏီမှ ပွဲစီစဉ်သူ အထွေထွေမန်နေဂျာ Ms.Ladda မှ ပြော ကြားသည်။
ပြပွဲတွင် နိုင်ငံတကာမှ ကုမ္ပဏီပေါင်း (၇၀) လာရောက်ပြသလျက် ရှိပြီး ပြခန်း ပေါင်း ၁၀၀ ကျော် ရှိကြောင်း သိရသည်။ ပြခန်းတွင် ကြက်၊ ၀က်၊ ငါး စသည့်တိရစ္ဆာန်အစာ နှင့် အာပာာရ ဆိုင်ရာဆေးဝါးများကို အဓိကပြသပြီး အခြားကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်း သုံးဆိုင်ရာ ပန်ကာ၊ မီးစက် စသည့် အသုံးအ ဆောင်ပစ္စည်းများကိုလည်း ပြသထားကြောင်း အဆိုပါပြပွဲမှ သိရသည်။
Eleve Media Group

0 comments:
Post a Comment