Monday, September 23, 2013

ဝဲကြီးကျေးရွာတွင် ရဲတပ်ဖွဲ့ ဝင်များအား အကြမ်းဖက်မှု ထပ်မံဖော်ထုတ် ဖမ်းဆီးမည်

နေပြည်တော် ကောင်စီနယ်မြေပုဗ္ဗသီရိမြို့နယ်ဝဲကြီးကျေးရွာပဋိပက္ခတွင်ရဲတပ်ဖွဲ့ဝင်များအနာတရဖြစ်ခြင်း၊ဖမ်းဆီးချုပ်နှောင်ခံရခြင်းတို့ကြောင့် ကျေးရွာ နေထိုင်သူ၁၀ဦးကိုအမှုဖွင့်စစ်ဆေးလျက်ရှိပြီး ဒဏ်ရာ ရရဲတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးစဉ်ပါဝင်သည့် မျက်မြင်တွေ့ရှိသူများ၏ ထွက်ဆိုချက်အရထပ်မံ ပေါ်ပေါက် လာလျှင် ကျေးရွာနေ ထိုင်သူများကိုထပ်မံဖမ်းဆီး မည်ဖြစ်ကြောင်းကျည်တောင်ကန်နယ်မြေ ရဲတပ်ဖွဲ့မှ စခန်းမှူးရဲအုပ်စိန်သောင်းက ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာတိုက် နယ်မြေတွင် စိုက်ပျိုးထား သည့် သစ်တောစိုက်ခင်းမြေ များကို ဖျက်ဆီးမှုကြောင့် အမှုဖွင့်ခံထားရသူ ဝဲကြီးကျေးရွာ နေသူအချို့ကို ဇေယျာသီရိမြို့နယ် ရဲ တပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က လာရောက် ဖမ်းဆီးရာ ကျေးရွာနေထိုင်သူများက ရဲတပ်ဖွဲ့ဝင် များကို ဒဏ်ရာရရှိစေရန် ပြန်လည် ခုခံခဲ့သောကြောင့် ယင်းကျေးရွာနေအမျိုးသားကိုးဦး၊ အမျိုးသမီး တစ်ဦးကို အမှုဖွင့် ထားကြောင်းကျည်တောင်ကန် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
ဝဲကြီးကျေးရွာ အတွင်းသို့ အမှုဖွင့်ခံထားရသူများကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင် များဝင်ရောက် ရှာဖွေရာတွင် ကျေးရွာ တာဝန်ရှိသူများ မပါ ဝင်သောကြောင့် ရှာဖွေခံရသော် ရှာဖွေခံရသည့် နေအိမ်များတွင် ခုခံမှု များ ဖြစ်ပေါ် ခဲ့ပြီး ကျေးရွာအတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်းဝဲကြီးကျေး ရွာနေထိုင်သူအချို့က ပြောကြားသည်။
ကျေးရွာနေသူများ၏ ခုခံမှုကြောင့် ကျည်တောင်ကန် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံတွင် တင်ပို့ကုသလျက်ရှိပြီး ၎င်းတို့အနက် တစ်ဦးကို အတွင်းလူနာအဖြစ် ကုသလျက် ရှိကြောင်း ကျည်တောင်ကန် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယူကလစ်ပင်များ ခုတ်မှုဖြင့် ဝဲကြီးကျေးရွာနေသူ ဦးဇော်လတ်၊ ဦးထွန်း ထွန်း၊ဦးဝင်းနိုင်နှင့် ဦးဝင်းကြည် တို့ကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၂နာရီခန့်က ရဲတပ်ဖွဲ့ဝင် ၃၀ ခန့် ဝင်ရောက် ဖမ်းဆီးရာမှရဲ တပ်ဖွဲ့ဝင် များနှင့် ကျေးရွာနေထိုင်သူများအကြားပဋိပက္ခ ဖြစ်ပွား ခဲ့ကြောင်း အဆို ပါ ကျေးရွာနေထိုင်သူ တစ်ဦး ထံမှ သိရှိရသည်။
ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာ နေထိုင်သူ ၁၀ ဦးကို (ပ) ၆၆/၁၃၊ ပုဒ်မ ၃၃၃/၂၉၄/၁၁၄ ဖြင့်စက်တင် ဘာ၂၀ ရက်နေ့တွင်အမှုဖွင့်ထားကြောင်းအဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly 
Photo:RFA

0 comments:

Post a Comment