Monday, September 23, 2013

နှစ်ပေါင်း ၂၅ နှစ်တိုင် တိုင်းရင်းသားမျိုးနွယ်များနှင့် နေထိုင်ရိုက်ကူးခဲ့သည့် ဓာတ်ပုံပြပွဲကျင်းပမည်

နိုင်ငံတကာဓာတ်ပုံပညာရှင် Richard K. Diran က မှတ်တမ်းတင် ရိုက်ကူးခဲ့သော မြန်မာနိုင်ငံ အရပ်ရပ်ရှိ တိုင်းရင်းသား မျိုးနွယ်များ၏ ဓာတ်ပုံပြပွဲ စက်တင်ဘာ ၂၈ ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြပွဲကို အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့် လှစ် မည်ဖြစ် သည်။

ယင်းဓာတ်ပုံပြပွဲနှင့်ပတ်သက်၍ Swedish Peace and Arbitration Society NGO အဖွဲ့မှ Mr. Kenneth Hotz က “ဓာတ်ပုံပြပွဲက ဓာတ်ပုံဆရာ Richard K. Diran ပါ၊ သူက ဘန်ကောက်မြို့မှာ အခြေချနေထိုင်ပါတယ်။ အခု ကျင်းပမယ့်ပွဲက ပြပွဲတင် မဟုတ်ဘဲ မြန် မာနိုင်ငံဟာ ငြိမ်းချမ်းရေးကို ဘယ်လောက်ထိဖော်ဆောင်နိုင်တယ် ဆိုတာကို ပြချင်တာပါ။ Richard ကလွန်ခဲ့တဲ့၂၅ နှစ်အတွင်းမှာ လူမျိုး၃၅ မျိုးနဲ့ ရင်းနှီးအောင်နေပြီး ဓာတ်ပုံမှတ်တမ်းရိုက်ကူး ခဲ့ပါတယ်။ ရည်ရွယ်ချက်က တိုင်းရင်းသားလူမျိုးနဲ့ မြန်မာလူမျိုးကြားမှာ ပြန်လည် ရင်းနှီးလာအောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဓာတ်ပုံပညာရှင်ရဲ့ဆန်္ဒက ၁၉၄၇က ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားလူမျိုးပေါင်းစုံပါတဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ် တာကို ပြန်လည်ဖြစ် ပေါ်စေချင်တဲ့ ရည်ရွယ် ချက် ပါ” ဟုပြော သည်။

၎င်း NGO အဖွဲ့ကို ၁၈၈၃ ခုနှစ်တွင် ဆွီဒင်နိုင်ငံ၌ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ ၀င်ပေါင်း ၈၀၀၀ ခန့်ရှိသည်။ ဆွီဒင် သံရုံးမှ တာဝန်ရှိသူက “အစိုးရအနေနဲ့ ဒီထူးခြားလှတဲ့ ဓာတ်ပုံတွေကိုပြသတဲ့အတွက် ၀မ်းသာပါတယ်။ မြန် မာနိုင်ငံရဲ့ ပြောင်းလဲတဲ့ အနေအထားမှာ သက်သေပြုထားသော ပွဲတစ်ပွဲဖြစ်ပါတယ်။ ဆွီဒင်အနေနဲ့ မြန် မာနိုင်ငံကြီး ဟာ ပြောင်းလဲ လာတဲ့ အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေကို အတူတူ ပူးပေါင်းဆောင်ရွက် မယ့် နိုင်ငံတစ်နိုင်ငံဖြစ် ပါတယ်”ဟု ပြောခဲ့ သည်။

ပြပွဲတွင် အကောင်းဆုံးရွေးချယ်ထား သည့် ဓာတ်ပုံပေါင်း ၇၀ ကို ပြသမည်ဖြစ်သည်။ ပြပွဲကို Svenska Postkod Lotteriet တို့မှ ပံ့ပိုးပေးထားသည်။

မိုးသူ
Mizzima - News in Burmese

0 comments:

Post a Comment