Wednesday, September 4, 2013

ခွေးလိုက်ပြီဆိုရင်

ခွေးလိုက်ပြီဆိုရင်ခွေးတစ်ကောင်က လိုက်လာပြီး ကိုက်တော့မယ် ဆိုရင် လုံးဝမလုပ်သင့် တာက ပြေးတာပဲ ဖြစ်ပါတယ်။ ပြေးရင်ပြေးရာ လမ်းကြောင်း နောက်လိုက်ပြီး မိအောင်လိုက်ကိုက် တတ်ပါ တယ်။ ခွေးနဲ့ မျက်လုံးချင်း စုံအောင် မကြည့်ရပါဘူး။ မျက်လုံးချင်း စုံအောင် ကြည့် တာဟာ ခွေးတင်မကပဲ အခြားသော တိရစ္ဆာန်တွေ မှာပါ ရန်လိုတဲ့ အပြုအမူလို့ ယူဆကြပါတယ်။ ဒါကြေင့် မျက်လုံးချင်း စုံမိရင် ခွေးဟာ ပထမဆုံး အနေနဲ့ ဟောင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခု ကတော့ တုန်လှုပ်ခြောက်ခြား နေတဲ့ အမူအရာ လုံးဝမပြရ ပါဘူး။ လက်မှာ လွတ်ချလို့ ရမယ့် ပစ္စည်း တစ်ခုခု ပါလာရင် ခွေးပြေး လာ နေတုန်း လွတ်ချလိုက် ရပါမယ်။ ဒါဆိုရင် ခွေးရဲ့  အာရုံဟာ ယင်းပစ္စည်း ဆီကို ရောက်သွားမှာ ဖြစ်ပါတယ်။ သို့တည်းမဟုတ် လက်မှာ ပါတဲ့ ပစ္စည်းအလေး တစ်ခုခုကို အဝေးတစ်နေရာ ပစ်နိုင်ပါတယ်။
ခွေးကို မျက်လုံးချင်း စုံအောင် မကြည့်ဘူး။ သူဟောင်တာ ကိုလည်း ဂရုမစိုက်ဘူး ဆိုရင် ခွေးအနေ နဲ့ ဟောင်ရတာ ပျင်းရိ သွားပြီး ရပ်သွား ပါတယ်။ အချို့ ခွေးတွေက ကိုက်ဖို့ အထိတောင် လုပ်ပါ တယ်။ ပြန် ရန် မူ တိုက်ခိုက် လိုက်ရင် သူတို့ အတူဆော့ ကစားချင် တယ်လို့ မှတ်ယူပြီး ဆက်တိုက်ခိုက် တတ်ပါတယ်။ ဒါကြောင့် အရှောင်နိုင်ဆုံး ရှောင်တိမ်း ပြီး အမူအရာ မပျက်နေရင် ခွေးကိုက်လည်း မကိုက်၊ ဟောင်လည်း မဟောင် တော့ပါဘူး။
Ref: dyknow
YoYarLay

0 comments:

Post a Comment