တရုတ် နိုင်ငံ နန်နင်းမြို့မှာ (၁ဝ)ကြိမ်မြောက် တရုတ်-အာဆီယံ
ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု
ထိပ်သီးအစည်းအဝေး ကို မြန်မာ နိုင်ငံက သမ္မတ ဦးသိန်း စိန် နဲ့
ကိုယ်စားလှည် အဖွဲ့ တက်ရောက်ခဲ့ ပြီး မနေ့က နေပြည်တော်ကို
ပြန်ရောက်လာ ပြီလို့သိ ရ ပါတယ်။
သမ္မတ ဦးသိန်းစိန် က တရုတ်နိုင်ငံမှာ ဝန်ကြီးချုပ် မစ္စတာ
လီကာကျန်းနှင့် တွေ့ဆုံဆွေးနွေး ခဲ့ ပြီးနှစ်နိုင်ငံ ဘက်စုံ
မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် နိုင်ငံများ ဆက်ဆံရေး
အမြင်ချင်း ဖလှယ် ဆွေးနွေး ကြ တယ်လို့သိ ရပါတယ်။
ကုန်စည် ပြပွဲ က ပြခန်းမှာ မြန်မာနိုင်ငံက လုပ်ငန်းရှင် ၁၅၈ ဦးက ပြခန်း ၈၄ ခန်းဖွင့်လှစ်ပြသခဲ့ပါတယ်။
တရုတ် နိုင်ငံဟာ အာဆီယံ အသင်း နိုင်ငံများ နဲ့ တောင်
တရုတ်ပင်လယ်ပိုင်ဆိုင်မှု အငြင်းပွါးနေ တဲ့ နောက်ခံ ရှိ နေ တဲ့
အတွက် ဖိလစ်ပိုင်သမ္မတ Benigno Aquino က တရုတ် နိုင်ငံကို
သွားမယ် လို့ ကြေငြာပြီး မှာ ခရီး စဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
တောင် တရုတ်ပင်လယ်တွင်း ပိုင် ဆိုင်မှု နဲ့ ပတ်သက်ပြီး တရုတ်
နိုင်ငံ က ဖိလစ်ပိုင်နိုင်ငံကို ဥပဒေ နည်းကျ အရေးယူဖို့တင်ထားတဲ့
အမှု ကို ရုတ်သိမ်းဖို့တရုတ် နိုင်ငံက တောင်း ဆို ခဲ့ တဲ့ အတွက်
ဖိလစ်ပိုင် သမ္မတ က ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
တရုတ် အစိုး ရ က ပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ ကိစ္စကြောင့် တရုတ်
နဲ့ ASEAN အသင်းဝင် နိုင်ငံတွေ တည်ငြိမ်မှု အနှောက်အယှက်တွေရှိတယ်လို့ ဝန်ခံခဲ့ပြီး ဒီပြဿနာတွေဟာ အဓိက မဟုတ်တဲ့ အကြောင်း၊
သမိုင်းအချက်အလက်တွေ ကို အခြေပြု ပြီး နိုင်ငံတကာ ဥပဒေ နဲ့
အငြင်းပွါးနေတဲ့ နိုင်ငံတွေ နဲ့ တိုက်ရိုက် ဖြေ ရှင်းသွား
နိုင်တယ်လို့ ဆိုပါတယ်။
တရုတ် နိုင်ငံနဲ့ရင်းနှီးတဲ့ ဘက်လိုက်နိုင်ငံများ အဖြစ် မြန်မာ
နိုင်ငံ အပါ အဝင် ကမ္ဘောဒီးယား၊ လာအို၊နဲ့ ထိုင်း နိုင်ငံတို့
ဖြစ်ကြပြီး၊ တရုတ် နဲ့ ပင်လယ်အငြင်းပွါးမှု ဖြစ်နေ တဲ့ နိုင်ငံတွေ
က Philippines, Malaysia, Brunei နဲ့ Vietnam နိုင်ငံတို့်
ဖြစ်ကြပါတယ်။
ABC Radio Australia
0 comments:
Post a Comment