Wednesday, September 4, 2013

မာဒေးကားဖလားပြိုင်ပွဲအတွက် မြန်မာအသင်းအပြီးသတ်လူရွေး

မလေးရှား    ဘောလုံးအဖွဲ့ချုပ် (FAM)က ကြီးမှူးကျင်းပမည့် (၄၁) ကြိမ်မြောက်    မာဒေးကား ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်  မြန်မာယူ-၂၃  အသင်းသည် မြန်မာ့ လက်ရွေးစင် အသင်းကို အနိုင်ရ သော ပွဲအပြီးတွင် အပြီးသတ်ကစား သမား ၂၂ ဦးကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။

မြန်မာ  ယူ-၂၃   အသင်းသည် အပြီးသတ်လူစာရင်းကို  ရွေးချယ်ရာ တွင် ကျော်ကိုကို၊ ကြည်လင်း ၊ ကျော် ဇေယျာဝင်း၊ ရန်အောင်ဝင်း စသည့် အမာခံကစားသမားများ ပါဝင်လာပြီး ဇာနည်ထက်၊  သက်ဖြိုးဝေ၊  ရဲလင်း အောင်၊ ထူးထူးအောင်စသည့် မျက်နှာ သစ်ကစားသမားများမှာလည်း ပထမ ဆုံးအကြိမ်    ရွေးချယ်ခံခဲ့ရသည်။ မာဒေးကား ဖလားပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၃ အသင်းတွင် အုပ်ချုပ်သူ ဦးတင်မြင့်အောင်၊ နည်းပြချုပ် ပတ် ဆောင်ဟွာ၊  လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်း၊  ကြံ့ခိုင်ရေးနည်းပြ ဟာဟေဂျွန်၊  ဂိုးနည်းပြ ဦးမျိုးချစ်၊ မီဒီယာတာဝန်ခံ ဦးစိုးမိုးကျော်၊ ဂိုး-ပြည့်ဖြိုးအောင်၊      ကျော်ဇင်ဖြိုး၊
နောက်တန်း-သိန်းသန်းဝင်း၊  အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း၊ ရန်အောင်ဝင်း၊ သက်နိုင်၊ ဖြိုးကိုကိုသိန်း ၊ အောင်ဇော်၊ ဇာနည်ထက်၊  အလယ်တန်း-ဒေးဗစ်ဒန်း၊ ရဲလင်းအောင်၊ ဟိန်းဇာအောင်၊  ကြည်လင်း၊ သက်ဖြိုးဝေ၊ ထူးထူးအောင်၊ နေလင်းထွန်း၊ နန္ဒလင်းကျော်ချစ်၊  ရှေ့တန်း-ကျော်ဇေယျာဝင်း ၊ ကျော်ကိုကို ၊ ကောင်းစည်သူနှင့် စိုးကျော်ကျော်တို့ ပါဝင်ကြသည်။
ယင်းပြိုင်ပွဲကို အိမ်ရှင်မလေးရှား ယူ-၂၃ အသင်း၊ မြန်မာယူ-၂၃ အသင်း၊ စင်ကာပူယူ-၂၃ အသင်းနှင့် ထိုင်းပရီမီယာလိဂ်ညွန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင် မည်ဖြစ်ကာ စက်တင်ဘာ ၇ ရက်မှ ၁၄ ရက်အထိ  ကျင်းပသွားမည်ဖြစ်သည်။  ပြိုင်ပွဲဝင်ရန် မြန်မာအသင်းသည် စက်တင်ဘာ ၅ ရက်တွင် ထွက်ခွာ မည်ဖြစ်ပြီး ပွဲဦးထွက်ပွဲစဉ်အဖြစ် စက်တင်ဘာ ၇ ရက်တွင် ထိုင်းအသင်းနှင့် စတင်ကစား ရမည်ဖြစ်သည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment