Friday, September 6, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများတွေ့ရန် လူငါးထောင်ဆံ့ အခန်းငှား

စင်ကာပူနိုင်ငံတွင် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် The Singapore Summit သို့ တက်ရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများ တွေ့ဆုံပွဲပြုလုပ်ရန် လူဦးရေ အနည်းဆုံး ၅၀၀၀ ဆံ့သည့် Resort World Sentosa (RWS) ခန်းမကို ငှားရမ်းထားကြောင်း တွေ့ဆုံပွဲ စီစဉ်သည့် မြန်မာကလပ် (စင်ကာပူ) က စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

အများဆန္ဒအတိုင်း လူငါးထောင် ဆံ့နိုင်မည့် ခန်းမကို စက်တင်ဘာလ ၅ ရက်နေ့တွင် ငှားရမ်းနိုင်ခဲ့ပြီး စင်ကာပူ ရဲဌာနသို့လည်း ပွဲကျင်းပခွင့် တောင်းခံထားကြောင်း၊ တွေ့ဆုံပွဲ မတိုင်မီ ခွင့်ပြုမိန့်ရရှိ မည်ဟု မျှော်လင့်ကြောင်း မြန်မာကလပ်က ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်မူ လူစုလူဝေးကို ထိန်းသိမ်းနိုင်ရန် မြန်မာကလပ်က တာဝန် ယူရမည်ဟု စင်ကာပူရဲဌာနက စက်တင်ဘာလ ၂ ရက်နေ့က အကြောင်းကြား ထားကြောင်း မြန်မာ ကလပ်က ဆိုသည်။

တွေ့ဆုံပွဲအတွက် ဝင်ခွင့်လက်မှတ်များ စတင်ရောင်းချမည့်ရက်ကို ဆက်လက် ထုတ်ပြန်ပေး မည် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူအစိုးရ၏ ဖိတ်ကြားချက်အရ The Singapore Summit သို့ တက်ရောက်မည် ဖြစ်ပြီး ယင်းမတိုင်မီ ဥရောပနိုင်ငံအချို့သို့ သွားရောက်မည် ဖြစ်သည်။
The Voice

0 comments:

Post a Comment