ပုပ္ပား-ပုဂံလမ်းပိုင်းတွင် ပုဂံဟိုတယ်ဇုန်အတွက် မြေများဝယ်ယူ နေကြပြီး ထိုနေရာများမှာ တစ်ဧကလျှင် ငွေကျပ်သိန်း ၅ဝဝ အထိ ဈေးပေးဝယ်ယူ နေကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ပုဂံ ဟိုတယ်ဇုန်အတွက် အဆောက်အအုံများကို ရှေးဟောင်းအဆောက် အအုံများနှင့် ဝေးကွာသော နေရာ များတွင် ဆောက်ရန်သာ ခွင့်ပြုနေပြီး ပုဂံဘုရားများနှင့် ဝေးကွာသောနေရာမှာ ပုဂံ-ပုပ္ပားလမ်းပိုင်း အတွင်း၌ ရှိနေသောကြောင့် ဟိုတယ်များ ဆောက်လုပ်ရန် အတွက် ယာမြေများကို လာရောက် ဝယ်ယူနေခြင်း ဖြစ်သည်ဟု သိရသည်။ တစ်နိုင်ငံလုံးရှိ နိုင်ငံတကာ ခရီးသွားများသွားရောက်ရာ ဒေသ များတွင် ဟိုတယ် ဆောက်လုပ်မှု များကြောင့် ထိုဒေသများသည် မြေဈေး မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ခရီးသွားများ လာရောက်ရာ ပြည်တွင်း ဒေသများ ဖြစ်သော မန္တလေး၊ ရန်ကုန်၊ ပုပ္ပား၊ ပုဂံ၊ အင်းလေး ဒေသနှင့် တောင်ကြီး စသော နေရာ များမှာ မြေဈေးနှုန်း မြင့်တက်လာပြီး ထိုသို့ မြင့်တက် လာခြင်း မှာလည်း ပြည်တွင်း လုပ်ငန်းရှင်များနှင့် ရင်းနှီး မြှုပ်နှံသူ များက မြေများ ဝယ်ယူ ရင်းနှီး မြှုပ်နှံမှုများ သောကြောင့် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း စီမံကိန်း များကို အကောင်
အထည်ဖော်ရာတွင် ဒေသခံများ၏ သဘော တူညီချက် များကို ရယူ အကောင် အထည်ဖော် ရမည် ဖြစ်သောကြောင့် လုပ်ငန်း ရှင်များက ယခင် ပေါက်ဈေးထက် ၁ဝ ဆမျှ ဈေးပေး ဝယ်ယူ နေခြင်းဖြစ်သည်။ မန္တလေးမြို့ တံတားဦး ဟိုတယ် ဇုန်အတွက် ပထမပိုင်းတွင် ငွေကျပ်သိန်း ၅ဝ မျှဖြင့် အရောင်းအဝယ် ဖြစ်နေရာမှ စီမံကိန်း အကောင်အထည် ပေါ် လာသောအခါ တစ်ဧကလျှင် ငွေကျပ် သိန်းတစ်ထောင် ကျော်အထိ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment