ယခုနှစ်အတွင်း နေပြည်တော် ဈေးကွက် အတွင်းသို့ တန်ဖိုးနည်း ဟန်းဆက်များ ဝင်ရောက် လာခြင်းနှင့် အတူ ဟန်းဆက်အတွင်း ဆင်းကတ် ထည့်သွင်း အသုံးပြု နိုင်သည့် တန်ဖိုးနည်း Tabletများ ဝင်ရောက် လာကြောင်း သိရသည်။
တရုတ်နိုင်ငံမှ တင်သွင်းသော မိုဘိုင်းလ်ဖုန်း အသုံးပြု နိုင်သည့် တန်ဖိုးနည်း Tablet မှာ ဈေးနှုန်း သင့်တင့် မျှတပြီး ဒီဇိုင်း လှပ သေသပ်ကာ အဖြူရောင်နှင့် အနက်ရောင် ဟူ၍ နှစ်မျိုး ဝင်ရောက် လာ သည်။ GSM/ WCDMA အသုံးပြုနိုင်သည့် မိုမို အမှတ် တံဆိပ်မှာ ဈေးကွက် အတွင်း ဈေးနှုန်း သက်သာသည့် အတွက် လူကြိုက် များလာကြောင်း သိရသည်။
မိုဘိုင်းလ်ဖုန်း အသုံးပြု နိုင်ခြင်း၊ မျက်နှာပြင် ကျယ်သဖြင့် မျက်စိ အားစိုက်မှု သက်သာ စေခြင်း၊ ဘက်ထရီ၊ ကာဗာများ ဖြုတ်စရာ မလိုဘဲ အပြင်ဘက် (External) မှ ဆင်းကတ်ထည့် အသုံးပြု နိုင်ခြင်း၊ အင်တာနက် အသုံးပြုရင်း ဖုန်း အဝင် အတွက် တိုက်ရိုက် လက်ခံ ပြောဆို နိုင်ခြင်းစသည့် အားသာ ချက်များ ရှိသော်လည်း Tablet အတွက် အာမခံချက် မပါရှိခြင်း၊ Java စနစ် ဖြစ်သည့် အတွက် application နှင့် အင်တာနက် အသုံးပြု ရာတွင် လုပ်ဆောင်မှု နှေးကွေးခြင်း၊ 2G Net-work ကိုသာ ချိတ်ဆက် အသုံးပြု နိုင်ခြင်း စသည့် အားနည်းချက် များလည်း ရှိကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment