ဂျပန်နိုင်ငံ ဖူကူရှီးမား နျူးကလီးယားစက်ရုံက ရေဒီယို ဓာတ်သတ္တိတွေ ပစိဖိတ် သမုဒ္ဒရာ ထဲကို နေ့စဉ်နေ့တိုင်း တန်ချိန် သုံးရာလောက် ဝင်ရောက်နေတယ်လို့ သိရပါတယ်။
တန်ချိန်ပေါင်း သုံးရာဟာ အိုလံပစ် အားကစားကွင်းမှာ ရှိတဲ့ ရေကူးကန်အားလုံးကို အပတ် စဉ်တိုင်း ပြည့်အောင် ဖြည့်ပေးနိုင်တဲ့ နှုန်းဖြစ်ပါတယ်။
ရေဒီယိုဓာတ် သတ္တိတွေ သမုဒ္ဒရာထဲကို ခုချိန်မှ ဝင်ရောက်တာမဟုတ်ပဲ မြေငလျင်နဲ့ ဆူနာမီဖြစ်ပေါ်ခဲ့ပြီး တစ်နှစ်ကျော် ကာလအတွင်း ကတည်းက ဝင်ရောက်တာ ဖြစ်နိုင်တယ် လို့လည်း ပြောပါတယ်။
ဒီလို အခြေအနေကြောင့် ဂျပန်အစိုးရက အရေးပေါ် ကိစ္စအဖြစ် ကိုင်တွယ်နေပြီး ဖူကူရှီးမားနျူးကလီးယား စက်ရုံ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အစိုးရက ဝင်ရောက် စွက်ဖက် ဖြေရှင်း နေပြီ ဖြစ်ပါတယ်။
တောင်ကုန်းပေါ်က ရေတွေဟာ စက်ရုံက ရေဒီယို ဓာတ်သတ္တိပါဝင်တဲ့ ရေတွေနဲ့ ရောပြီး သမုဒ္ဒရာထဲ စီးဝင်နေတာ ဖြစ်ပါတယ်။
ဒေသခံ တံငါသည်တွေက သမုဒ္ဒရာထဲ ရေဒီယိုဓာတ်သတ္တိတွေ စိမ့်ဝင်နေတယ်ဆိုတာကို အရင်ကတည်းက သံသယဖြစ်ခဲ့ကြပေမယ့် နျူးကလီးယားစက်ရုံ ကုမ္ပဏီက ငြင်းဆိုမှု လုပ်ခဲ့ပါတယ်။
နျူးကလီးယားစက်ရုံ ပျက်စီးမှုအပေါ် ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး TEPCO ကုမ္ပဏီ အကြီး အကျယ် ဝေဖန်ခံနေရပြီး ကုမ္ပဏီအတွက် ပြဿနာ တစ်မျိုးပြီး တစ်မျိုး ကြုံနေရတာ ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ နျူးကလီးယားစက်ရုံကို ပြင်ဆင်ဖို့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကြ မှာဖြစ်ပြီး နှစ်ပေါင်း ဆယ်နဲ့ချီ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
ဖူကူရှီးမားနျူးကလီးယားစက်ရုံ ပေါက်ကွဲမှုနဲ့ ပျက်စီးမှုဟာ ကမ္ဘာ့ နျူးကလီးယား မတော်တဆ မှု နှစ်ခု ထဲက တစ်ခုဖြစ်ပြီး အရင်တုန်းကလည်း အလားတူ အန္တရယ်ကြီးတဲ့ ပေါက်ကွဲမှုမျိုး ယူကရိန်းနိုင်ငံ ချာနိုဘာ နျူးကလီးယားစက်ရုံမှာ ဖြစ်ခဲ့ပြီး အဲဒီနောက်ဆက်တွဲ ပြဿနာကို ခုချိန်ထိ ခံစားနေကြ ရဆဲ ဖြစ်ပါတယ်။
ABC Radio Australia
မြေငလျင်နဲ့ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမားနျူးကလီးယား စက်ရုံ (Credit: AFP)
0 comments:
Post a Comment