
လီဗာပူး အသင်းသည် ပီအက်ဂျီ နောက်တန်း ကစားသမား ဆွန်ဟိုအား ယခုအပတ်အတွင်း
ကမ်းလှမ်း သွားမည် ဖြစ်ကြောင်း သိရပါသည်။ ပြင်သစ် ကစားသမားဖြစ်သူ
ဆွန်ဟိုအား လီဗာပူး နည်းပြ ဖြစ်သူ ရော်ဂျာက ပေါင်၁၁သန်းဖြင့် ကမ်းလှန်းရန်
အသင့်ရှိနေပြီး ထိုကြေးဖြင့် ယခုအပတ် အတွင်း ကမ်းလှမ်း
သွားမည်ဖြစ်ကြောင်း
L'Equipe သတင်း အဆိုအရ သိရပါသည်။ အသက်၂၃နှစ် အရွယ်ရှိ ထိုကစားသမားအား
ခေါ်ယူရန် ရော်ဂျာက ယုံကြည်လျှက်ရှိပြီး ဆွန်ဟိုအား အသင်းတွင်
နေရာ တနေရာအတွက် အခွင့်အရေးပေးသွားမည် ဟုလည်း သိရပါသည်။ ထိုကစားသမား အား
အေစီမီလန် အသင်းကလည်း စိတ်ဝင်စားနေပြီး အပြိုင် ကမ်းလှမ်းရဖွယ်
ရှိနေပါသည်။
0 comments:
Post a Comment