ကွန်မြူနတီဒိုင်း အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်နှင့် အက်ဖ်အေ
ချန်ပီယံ ၀ီဂန်တို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ မန်ယူနိုက်တက် အသင်းက
ဝီဂန်အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ ပါသည်။ မန်ယူနိုက်တက် အတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို နယ်သာလန် တိုက်စစ်မှုး ဗန်ပါစီက သွင်းယူ ပေးသွားခဲ့ပါသည်။
ဗန်ပါစီက - "ဂိုးသွင်းနိုင်တဲ့
အရသာက တကယ်ကောင်းတယ်၊ အထူးသဖြင့် ၀င်ဘာလေမှာပေါ့၊ မန်ယူ အသင်းသား
အားလုံးအတွက် ကျွန်တော် ၀မ်းမြောက် မိပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက
ခေါင်းတိုက်ပြီး သွင်းတဲ့ဂိုး သိပ်မရှိခဲ့ဘူး၊ အဲဒါကြောင့် မလို့
ခေါင်းတိုက် ဘောတွေမှာ တိုးတက်အောင် ကျွန်တော် လေ့ကျင့်ခဲ့တယ်၊ ပြီးတော့
လက်ရှိ မန်ယူအသင်းကို ကျွန်တော် ယုံကြည်တယ်၊ ဇာဟာတို့လို လူငယ်လေး တွေလည်း
အသင်းမှာ ရှိတယ်၊ ကျွန်တော်တို့ဟာ ချန်ပီယံ အသင်းသားတွေပါ၊ ပရီးမီးယားလိဂ်
ချန်ပီယံ ရေပန်းစားမှုမှာ ကျွန်တော်တို့က ဘာလို့ တတိယ အဆင့် ရောက်နေလဲ
ဆိုတာတော့ ကျွန်တော် နားမလည်နိုင်ပါဘူး၊ ပြိုင်ဘက် အားလုံးကို
ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား ရင်ဆိုင်သွားမယ်၊ ကျွန်တော်တို့အတွက်
ဖလား (၅)လုံး ရနိုင်တဲ့ အခွင့်အရေးတွေ ရှိနေတယ်၊ ဖလားအားလုံး ကျွန်တော်တို့
လိုချင်တယ်" ဟု ပြောကြားသွားခဲ့သည်။
ဗန်ပါစီမှာ မန်ယူအသင်းသို့
ပြောင်းရွေ့ပြီး ရောက်စရာသီမှာပင် ပရီးမီးယားလိဂ် ချန်ပီယံကို
သိမ်းပိုက်နိုင်ခဲ့သလို၊ ယခုနှစ်တွင်လည်း ကွန်မြူနတီဒိုင်းကို
ဆွတ်ခူးနိုင်ခဲ့သည်။
0 comments:
Post a Comment