
LG ကစမတ်ဖုန်းအသုံးပြုတဲ့သူတွေအတွက် မိမိရိုက်ကူးပြီးတဲ့ ပုံတွေကို Print ထုတ်လို့ ရအောင် ဖန်တီးပေးလိုက်တာပါ။ Apple က iPhone သမားတွေ အတွက်ထုတ်လုပ်ပြီး နိုင်ငံတကာမှာ အသုံးပြုသူတွေ အကြိုက်တွေ့နေတဲ့အတွက် LG ကလည်းသုံးစွဲသူ သူ့ပရိတ် သတ်တွေ နောက်မကျ အောင် ဖန်တီးပေး လိုက်တာပါ။
ရိုက်ပြီး သွားတဲ့ပုံတွေကို ပုံမှာမြင်တွေ့ရတဲ့ အတိုင်း ဓာတ်ပုံဆိုဒ်ပမာဏ အရွယ်အစားရှိတဲ့ ပုံတွေကို Print ထုတ်ပေးမှာဖြစ်ပြီး ဘယ်သွားသွား သယ်သွားလို့ရမှာဖြစ်တဲ့အတွက် ပုံတွေကို လက်ဆောင်ပေး တဲ့ အခါမှာ အတော်လေးကို အသုံးတည့်မှာပါ။
Bluethooth နဲ့ချိတ်ဆက်ပြီး အသုံးပြုလို့ရမှာဖြစ်သလို၊USB Cable နဲ့လည်း လွယ်ကူစွာ ချိတ်ဆက် အသုံးပြုလို့ အဆင်ပြေစေမှာပါ။
နိုင်ငံတကာမှာစတင်ဖြန့်ချိနေပြီး ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၁၅ ဝန်းကျင်နဲ့ ရောင်းချပေးနေ တယ်လို့သိရပါတယ်။
Ref:gadget
Khun Nay(August Myanmar Media Group
0 comments:
Post a Comment